Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများ အား ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေး‌နေမှုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့ သွားရောက်ကြည့်ရှု့ အားပေး

ပဲခူး ဇူလိုင် ၆

          ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အောင်သုခဆေးကုသဆောင်၌ တိုင်းဒေသကြီး အတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ယမန်နေ့၊နံနက်ပိုင်းက ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေမှုတို့ကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ သွားရောက်ကြည့်ရှု့ အားပေးခဲ့ကြသည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ၎င်းတို့၏ဇနီးများ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ၊ပဲခူးဆေးရုံအုပ်ကြီးတို့နှင့်အတူ ‌ခွဲစိတ်ကုသမှုပြုလုပ်ပြီးသည့် မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများနှင့် ခွဲစိတ်ကုသမည့်လူနာများအား လိုက်လံကြည့်ရှု့ အားပေးစကားပြောကြားပြီး အဝတ် အထည်များ၊ မုန့်၊ ပဲနို့၊ ကစားစရာအရုပ်များပေးအပ်ခဲ့သည့်အပြင် ခွဲစိတ်ကုသပေးသည့် ဆရာဝန်ကြီးနှင့် ပဲခူးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြ သည်။

          အဆိုပါ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မွေးရာပါနှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများအား ရန်ကုန် ပြည်သူ့ဆေးရုံကြီး မျက်နှာ၊ မေးရိုး ၊ ခံတွင်းနှင့်ပြုပြင်မှုဆိုင်ရာ ခွဲစိတ်ကုသမှုဌာနမှ ပါမောက္ခ/ဌာနမှူး ဒေါက်တာလှမျိုးနိုင် ဦးဆောင်သော မျက်နှာ၊ မေးရိုး၊ ခံတွင်းနှင့် ခွဲစိတ်ကုသမှု ဆေးလက်တွေ့ပါရဂူ သင်တန်းသားများ ပါဝင်သည့်အဖွဲ့မှ ဇူလိုင်လ(၄)ရက်နေ့မှ(၆)ရက်နေ့အထိ လူနာ(၄၀)ဦးအား လာရောက် ခွဲစိတ်ကုသမှုများပြုလုပ်ပေးခြင်းဖြစ်ပြီး ဇူလိုင်လ(၄)ရက်နေ့တွင် နှုတ်ခမ်းကွဲလူနာ(၉)ဦး၊ အာခေါင်ကွဲ လူနာ(၂)ဦး စုစုပေါင်းလူနာ(၁၁)ဦးတို့အား ခွဲစိတ်ကုသပေးခဲ့သည့်အပြင် ယနေ့ဇူလိုင်လ(၅)ရက်နေ့ တွင်လည်း နှုတ်ခမ်းကွဲ/အာခေါင်ကွဲလူနာ(၁၁)ဦးအား ခွဲစိတ်ကုသမှုပြုလုပ်ပေးမည်ဖြစ်ကာ ကျန်ရှိသည့် လူနာများကိုလည်း ထပ်မံခွဲစိတ်ကုသမှုများ ဆက်လက်၍ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သတင်း ရရှိသည်။