ပဲခူး စက်တင်ဘာ ၂
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ စက်တင်ဘာလ(၂)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ပဲခူးမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ က “ဘက်စုံပညာကိုရည် တို့လှမ်းချီ”သီချင်းသီဆို၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ တွင် ထူးချွန်စွာအောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယခုလို ထူးချွန်အောင်မြင်တဲ့ သားငယ်၊ သမီးငယ်များကို ဆုချီးမြှင့်ပေးရခြင်းသည် အခြေခံပညာအဆင့်မှာ လေ့လာသင်ယူနေကြတဲ့ ကျောင်းသား/ ကျောင်းသူများအနေဖြင့် အတုယူအားကျစိတ်၊ ကြိုးစားအားထုတ်လိုစိတ်၊ ပညာကိုအလေးအမြတ်ထား သည့်စိတ်စတဲ့ စိတ်ဓာတ်အင်အား တိုးပွားစေပြီး ပညာရည်မြင့်မားသည့် ထူးချွန်ထက်မြက်သော လူငယ် လူရွယ်များ၊ လူ့စွမ်းအားအရင်းအမြစ် မြင့်မားသော လူငယ်များ ပေါ်ထွန်းတိုးတက်အောင်မြင်စေရန် မြှင့်တင်ပေးလိုသည့် စိတ်ရင်း စေတနာဖြင့် နှစ်စဉ်ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးရခြင်းဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/သူများဟာ သင်ယူမှု အခွင့်အလမ်းကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်ခဲ့သူများဖြစ်သည့် အပြင် အခြေအနေ အချိန်အခါနှင့် အခွင့် အလမ်းကို အကောင်းဆုံးအသုံးချနိုင်ခဲ့သည့်အတွက် ယခုလိုထူးချွန်စွာအောင်မြင်ခဲ့သည့်အပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ မှတ်တမ်းတင်ဂုဏ်ပြုကြောင်းနှင့် ဆက်လက်ပြီး အဆင့်မြင့်သက်မွေးပညာများသင်ယူရာ တွင်လည်း ရည်မှန်းချက်ရောက်အောင် ကြိုးစားစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲတွင် (၆)ဘာသာဂုဏ်ထူးရရှိသူ(၂)ဦး၊ အောင်ချက်အကောင်းဆုံးပထမရရှိခဲ့သည့် ညောင်လေးပင် မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ဖလေး-ကဝမြို့နယ်)နှင့် အလင်းရောင်သစ်ကိုယ်ပိုင်ကျောင်း (ညောင်လေးပင်မြို့နယ်)တို့အားလည်းကောင်း၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က (၅)ဘာသာဂုဏ်ထူးရရှိခဲ့သူ (၂)ဦးနှင့် အောင်ချက်အကောင်းဆုံးဒုတိယရရှိသည့် အုတ်တွင်းမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ကမာစဲ-သနပ်ပင်မြို့နယ်)နှင့် ငြိမ်းချမ်းရေးကိုယ်ပိုင်ကျောင်း (တောင်ငူ မြို့နယ်) တို့အားလည်းကောင်း ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို ချီးမြှင့်ပေးခဲ့ကြသည်။
ယင်းနောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက (၅)ဘာသာဂုဏ်ထူးရရှိသူ(၃)ဦးနှင့် အောင်ချက် အကောင်းဆုံးတတိယဆုရရှိသည့် သနပ်ပင်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်းခွဲ (ညောင်လေးပင် မြို့နယ်)နှင့် လက်ရွေးစင်ကိုယ်ပိုင်ကျောင်း (အုတ်တွင်းမြို့နယ်) တို့အားလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူးနှင့် ပဲခူးတိုင်းဒေသကြီးပညာရေးမှူးတို့က (၄)ဘာသာဂုဏ်ထူးရရှိသူ (၅၂)ဦး တို့အား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးချီးမြှင့်ပေးခဲ့ကြသည်။ ၎င်းနောက် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများက “ကောင်းခြင်းမင်္ဂလာသီချင်းဖြင့် လည်းကောင်း၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူများက”ပန်းဥယျာဉ်” သီးချင်းဖြင့်လည်းကောင်း၊ အထက-မြို့အနောက်(ခ)ကျောင်းမှ ကျောင်းသား/ ကျောင်းသူများက “ပန်းတိုင်း ပွင့်ပြီ မြန်မာပြည်” သီချင်းဖြင့်လည်းကောင်း၊ အသီးသီး ဖျော်ဖြေတင်ဆက်ကြရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ယင်းနောက် (၆)ဘာသာဂုဏ်ထူးရှင် ကျောင်းသူတစ်ဦးက ကျေးဇူးတင်ဂါရဝစကားပြန်လည်ပြောကြားခဲ့ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက ထူးချွန်ဆုရကျောင်းသား/သူများ၊ ကျောင်းသား မိဘများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။