Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၂၂

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ယမန်နေ့၊ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအဆင့်လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၆/၂၀၂၅) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်း ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အလိုက် စပါး(၂)သီးစိုက်လယ်မြေများတွင် တန်ဖိုးမြှင့် ပေါ်ဆန်းစပါးမျိုးများ ဇုန်အလိုက်ဖော်ဆောင်စိုက်ပျိုးသွားရမှာဖြစ်ကြောင်း၊ စိုက်ပျိုးသီးနှံအလိုက်ပန်းတိုင် အထွက်နှုန်းရရှိရေး မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်စေရေး ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက်ပေး လျက်ရှိသလို ခိုင်မာသည့်ဈေးကွက်ရရှိရေးကိုလည်း ဖော်ဆောင်ပေးသွားရမှာဖြစ်ကြောင်း၊ မွေးမြူရေးနှင့် ပတ်သက်၍ ဒေသထွက်အစားအစာများဖြင့် မွေးမြူနိုင်သည့် ဒေသဝက်၊ ဒေသကြက်နှင့် ဒေသနွားများအား လအလိုက်ချမှတ်ထားသည့် စီမံချက်ပါအတိုင်း မွေးမြူသွားရမှာဖြစ်ကြောင်း၊ ဒေသတွင်း အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်ရရှိရေးနှင့် မိသားစုဝင်ငွေတိုးတက်ရရှိရေး သက်မွေးနည်းပညာသင်တန်းများ တိုးချဲ့ ဖွင့်လှစ်ခြင်းနှင့် MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကြောင်း၊

ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ တည်ဆောက်ရေးလုပ်ငန်းများအား သတ်မှတ်ချိန်မီ စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အောက်ခြေအဆင့်ထိ ကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ်သလို ဘဏ္ဍာငွေလေလွင့်မှုမရှိစေ ရေးနှင့် Quick Win လုပ်ငန်းများ မြန်မြန်ဆန်ဆန်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ ဒီဇင်ဘာလတွင် လူထု လှုပ်ရှားမှုအသွင်ဖြင့် အားကစားပွဲများ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန်နှင့် အားကစားကွင်း များ၊ အားကစားရုံများ အဆင့်မြှင့်တင်ပေးသွားရမှာဖြစ်ကြောင်း၊ မြို့ပြသန့်ရှင်းသာယာလှပစေရေးနှင့် နေချင်ဖွယ်မြို့ပြတစ်ခုဖြစ်စေရေး အများပြည်သူအပန်းဖြေနိုင်မည့် Public Area များ ဖော်ဆောင်ရွက်ပေးရန် နှင့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ အားကစားနှင့် ပညာရေးဆိုင်ရာကိစ္စရပ်များ၊ လမ်းပန်းဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များအား ကဏ္ဍအလိုက် တင်ပြခဲ့ကြ သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ညွှန်ကြားချက် များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများက ပုံမှန်ရုံးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိမှု အခြေအနေ များအား ကဏ္ဍအလိုက် တင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာ ကြားခဲ့ကြောင်း သတင်းရရှိသည်။