Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်

ပဲခူး မတ် ၂၂

=====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၂၁)ရက်နေ့၊ မွန်းလွဲပိုင်းက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးမြို့၌ ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များကိုလည်း လိုက်နာသွားရမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် ပြည်သူများ စိတ်အမောပြေနိုင်စေရေးနှင့် စုစည်း ပေါင်းစု ပျော်ရွှင်မှုဆိုသည့် မိသားစုအသွင်သဏ္ဍာန်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သင်္ကြန်အကျနေမှစ၍ သင်္ကြန်အကြတ်နေ့အထိ ဖျော်ဖြေရေးဗဟို မဏ္ဍပ်၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍပ်များဖြင့် စနစ်တကျ စီစဉ်ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ လမ်းလျှောက်သင်္ကြန်နှင့် ဌာနဆိုင်ရာ စတုဒီသာမဏ္ဍပ်များလည်း ထပ်မံထည့်သွင်းရမည်ဖြစ်ကြောင်း၊ သင်္ကြန်နှင့်ယိမ်း ခွဲခြားမရသဖြင့် ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများ သင်္ကြန်ယိမ်း ယှဉ်ပြိုင်နိုင်ရန် စီစဉ်ပေးသွားမည်ဖြစ်ပြီး ထိုက်တန်စွာ ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၈)မြို့နယ် အတွက်လည်း ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးနှင့်ပတ်သက်၍လည်း အထူးအလေးထား ဆောင်ရွက်သွားရန် ပြောကြားခဲ့သည်။

          ထို့နောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သွားမည့် အခြေအနေများနှင့် ဌာနဆိုင်ရာယိမ်းအဖွဲ့များ ပါဝင်ယှဉ်ပြိုင်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူးက ၂၀၂၂ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်အား အစဉ် အလာမပြတ် ပဲခူးမြို့တွင် ပြန်လည်ကျင်းပနိုင်ရေး စီစဉ်သွားမည့် အခြေအနေများကိုလည်းကောင်း၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ပေးအပ်သည့်လုပ်ငန်းတာဝန်များကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း အသီးသီးတင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။