Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ်မီးမျှောပူဇော်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ တတိယအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား အောက်တိုဘာလ ၂၅ ရက်နေ့၊ ညပိုင်းက ပဲခူးမြို့၊ ဇိုင်းဂနိုင်းမြောက်ပိုင်း ရပ်ကွက်၊ ပဲခူးမြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တတိယအကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ချိုဦး၊ လူမှုရေးရာဝန်ကြီး ဒေါက်တာထူးခြားအောင်၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် မြို့မိ/မြို့ဖ(၁)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ဝတ်ရွတ်အသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများမှ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက် (၂၀၀၀)အား စုပေါင်းမီးမျှောပူဇော်ခဲ့ကြကြောင်း သိရှိရသည်။