Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲ ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၈

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းတွင် ပဲခူးမြို့၊ ဆေးရုံ ဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင် ပွဲကျင်းပပြုလုပ်သည်။

        ရှေးဦးစွာ သာသနာ့ဇောတိကစာသင်တိုက်မှ ဘဒ္ဒန္တဇနိတ(သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)ဆရာတော်မှ နိဗ္ဗာန်ရောက်ကြောင်း တရားတော်များကို ဟောကြားတော်မူပြီး ဝန်ကြီးချုပ် အမှူးပြုသော တရားနာ ပရိတ်သတ်များမှ တရားတော်နာယူ၍ ဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်း ပေးဝေခဲ့ကြကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲအား ဧပြီလ(၁၇)ရက်နေ့မှ (၁၉)ရက်နေ့ အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ဧပြီလ(၁၈)ရက်နေ့တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမ‌ဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ(ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှလည်းကောင်း၊ ဧပြီလ(၁၉)ရက်နေ့တွင် သာသနာ့မဏ္ဍိုင်ပါဠိ တက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ (သာသနာ့ဓဇ ဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ)မှလည်းကောင်း တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွား မည်ဖြစ်ကြောင်း သိရှိရသည်။

        ပဲခူးမြို့အတွင်းရှိ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းစေတီနှင့် အခြားရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် မြန်မာ နှစ်ဆန်းတစ်ရက်နေ့ နံနက်ပိုင်းမှစ၍ ညပိုင်းအထိ ဘုရားဖူးပြည်သူများနှင့် အထူးစည်ကားလျက်ရှိ ကြောင်း သတင်းရရှိသည်။