Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍  မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍  မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၉

===============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှဦးဆောင်၍ ဧပြီလ(၁၇)ရက်နေ့ ညပိုင်းအချိန်မှစတင်ပြီး ဧပြီလ(၁၉)ရက်နေ့အထိ (၃)ညတိုင်တိုင် ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ နှစ်ဦးတရားအလှူဓမ္မသဘင် မဏ္ဍပ်၌ မြန်မာ နှစ်သစ်ကူး တရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်သည်။

        မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲကျင်းပပြုလုပ်ရာ ဧပြီလ(၁၇)ရက် (ပထမနေ့)တွင် သာသနာ့ဇောတိက စာသင်တိုက်မှ ဘဒ္ဒန္တဇနိတ (သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစကပဏ္ဍိတ) ဆရာတော်မှ နှစ်သစ် ဆုတောင်းတရားခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဧပြီလ(၁၈)ရက်နေ့ (ဒုတိယနေ့) တွင် ပဲခူးမြို့ ချမ်းမြေ့ဇေယျာသာမ‌ဏေကျော်တက္ကသိုလ် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တဥက္ကံသာလင်္ကာရ (ဝိနယဝိဒူ၊ အင်္ဂုတ္တရနိကာယဝိဒူ၊ M.A, PHD)မှ ကောင်းကျိုး(၇)ဖြာ တရားခေါင်းစဉ်ဖြင့် လည်းကောင်း‌ဟောကြားခဲ့ပြီး ဧပြီလ(၁၉)ရက်(တတိယနေ့)တွင် သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ်ကျောင်းတိုက်၊ နိုင်ငံတော်ဗဟို သံဃာ့ဝန်ဆောင်ဆရာတော် ဘဒ္ဒန္တသုန္ဒရ(သာသနာ့ဓဇဓမ္မာစရိယ၊ မဟာဂန္ထဝါစက ပဏ္ဍိတ)မှ တရားရေအေးအမြှိုက်ဆေးများ ဟောကြားသွားမည်ဖြစ်ကြောင်း သိရသည်။

       မြန်မာနှစ်သစ်ကူးတရားအလှူတော် ဓမ္မသဘင်ပွဲသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တရားနာပရိတ်သတ် ဓမ္မမိတ်ဆွေသူတော်ကောင်းများနှင့် ဝတ်ရွတ်အသင်းအဖွဲ့များ တက်ရောက် နာယူခဲ့ကြကာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဝန်ကြီးများမှ တရားဓမ္မပူဇာအလှူငွေနှင့် လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ ကြကြောင်း သိရသည်။

        ပဲခူးမြို့အတွင်းရှိ ဆုတောင်းပြည့်ရွှေမော်ဓောဘုရား၊ ရွှေသာလျောင်းဘုရား၊ စိန်သာလျောင်းဘုရား၊ ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်းစေတီနှင့် အခြားရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများတွင် ဘုရားဖူး ပြည်သူများနှင့် နေ့စဉ်အထူးစည်ကားလျက်ရှိပြီး ရွှေမော်ဓောဘုရားဝန်းအတွင်း (၁၂)ရာသီဘုရားပွဲ ဈေးသည်များ၊ ဗလာဇာတ်ပွဲများနှင့် ရပ်နီးရပ်ဝေး ပြည်သူများဖြင့် ညစဉ်ညတိုင်း စည်ကားသိုက်မြိုက် လျက်ရှိကြောင်း သတင်းရရှိသည်။