Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ဘက်စုံပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်

ပဲခူး ဇန်နဝါရီ ၂၅

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၂၅)ရက်နေ့၊ နံနက်ပိုင်းက ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးတွင် သန့်ရှင်းရေးဆောင်ရွက်နေနှင့် ဆေးသင်္ကန်းကပ်လှူပူဇော်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဗိုလ်ကုန်း(၁၈)ရပ်ကွက်အတွင်း ဉာဏ်တော်(၁၈၀)ပေရှိ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား သွားရောက် ဖူးမြော်ခဲ့ပြီး စေတီတော်အား ဆေးသင်္ကန်းကပ်လှူနေမှုနှင့် စေတနာရှင် ပြည်သူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဌာနဆိုင်ရာများမှ စုပေါင်း၍ စေတီတော်အား သန့်ရှင်းရေးပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စေတီတော်ဓမ္မာရုံ၌ ရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီး၏ မဟာနာယကဆရာတော်ကြီးဖြစ်သည့် အသောကဘုန်းတော်ကြီး သင်ပညာရေးကျောင်းတိုက် ဆရာတော်အား ဖူးမြော်ကန်တော့ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထား ကာ နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

          အဆိုပါရှေးဟောင်းသမိုင်းဝင် ကျိုက်ကလွန်ပွန်းစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းဆက်ကပ်နိုင ရေး၊ စေတီတော်၏ အထက်ပစ္စယံ၌ ကြွေပြားခင်းရန်၊ ဂေါပကအဖွဲ့ ဖွဲ့စည်းပေးရန်၊ စေတီတော်၏ ဝတ္တကမြေ သတ်မှတ်နိုင်ရေးနှင့် ဘက်စုံပြုပြင်မွမ်းမံနိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ အလားတူ ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်ရှိ တန်ခိုးကြီးဘုရားစေတီပုထိုးများတွင်လည်း သန့်ရှင်းရေးလုပ်ဆောင်မှုနှင့် ဆေးသင်္ကန်းများ ဆက်ကပ်ပူဇော်လျက်ရှိကြောင်း သိရှိရသည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ ဘုရားဈေးအတွင်း ပျံကျဈေးရုံ အမှတ်(၁)နှင့်အမှတ်(၂) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ကုန်စိမ်းဈေးတန်းနှင့် သားငါးဈေးတန်း အား သီးခြားခွဲ၍ စနစ်တကျ နေရာချထားပေးရန်၊ ဈေးရုံအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ နာရီစင်ပန်းခြံအား တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြန်လည်အဆင့်မြှင့်တင်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လှပပြီးခေတ်မီသည့် Landscaping Design များဖြင့် ဖော်ဆောင်ရန်၊ ဟင်္သာရုပ်တုအား သတ်မှတ်ချက်အတိုင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်၊ နာရီစဉ်အား ပြန်လည်ပြုပြင်မွမ်းမံရန်၊ ပန်းခြံအတွင်း အလှပန်းပင်များအား စနစ်တကျ သယ်ယူပြောင်းရွှေ့ရန်နှင့် မီးအလှဆင်ခြင်းများလည်း ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။