Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲ ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၃

=================

          ပဲခူးမြို့၊ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားကွင်း၌ ဖေဖော်ဝါရီလ(၃) ရက်နေ့၊ ညနေပိုင်းက ၂၀၂၃ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူ များ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုများမှ ပြိုင်ပွဲဝင်များ ဒေသခံပြည်သူများ စုစုပေါင်းလူဦးရေ(၂၀၀၀)ကျော် တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ပဲခူး တက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာဆန်းယုမော်က ထမနဲထိုးပြိုင်ပွဲ စည်းကမ်းချက်များအား ဖတ်ကြား ခဲ့ကာ မြန်မာစာဌာန၊ ပါမောက္ခ ဒေါက်တာသဇင်သောင်းက တပို့တွဲလ ထမနဲထိုးပွဲနှင့်ပတ်သက်၍ သိကောင်း စရာများအား ရှင်းလင်းပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြိုင်ပွဲဝင်အသင်းများအား စတင်ယှဉ်ပြိုင် နိုင်ရန် မင်္ဂလာမောင်း(၃)ချက်တီး၍ ပြိုင်ပွဲအား ဖွင့်လှစ်ပေးခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့်အဖွဲ့သည် ပြိုင်ပွဲဝင်များ၏ စည်းလုံးမှုစုပေါင်းအားဖြင့် ထမင်းနဲထိုးယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ ကြသည်။

          ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ဆက်လက်ကျင်းပပြုလုပ်ရာ နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင် အသင်းအဖွဲ့(၃၃)ခုအား ဆုငွေကျပ်(၁)သိန်းစီဖြင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများကလည်းကောင်း၊ ဂုဏ်ပြုအထူးဆုရရှိသည့် ပြိုင်ပွဲဝင်အသင်းအဖွဲ့(၇)သင်းအား အစိုးရအဖွဲ့ တာဝန်ရှိသူများကလည်းကောင်း၊ တတိယဆုရရှိသည် ဟံသာဝတီရပ်ကွက်အသင်းအတွက် ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းအား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်သောင်းထိုက်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ(က)အသင်းအတွက် ဂုဏ်ပြုဆုငွေ(၇)သိန်းကျပ်အား တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်ကလည်းကောင်း၊ ပထမဆုရရှိသည့် ဘုရားကြီးမြို့အသင်းအား ဂုဏ်ပြုဆုငွေကျပ် (၁၀)သိန်းနှင့် ဒိုင်အဖွဲ့များအတွက် ဂုဏ်ပြုငွေတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်း ကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲထိုးပွဲအား ဌာန ဆိုင်ရာများမှ ပြိုင်ပွဲဝင်အသင်း(၂၁)သင်း၊ ဘုရားဂေါပကအဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း(၄)သင်းနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုများမှ ပြိုင်ပွဲဝင်အသင်း(၁၈)သင်း၊ စုစုပေါင်းပြိုင်ပွဲဝင်အသင်း(၄၃)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြ ကြောင်း သတင်းရရှိသည်။