Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်းလောင်းလှူ ခြင်းနှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့

ပဲခူး ဧပြီ ၅

=============

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ (၁၃၈၄)ခုနှစ်၊ တန်ခူးလပြည့်နေ့၌ ဆွမ်းဆန်စိမ်း လောင်းလှူခြင်း နှင့် တရားဓမ္မသဘင်ပွဲနှင့် ဘုရားပွဲများ စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် တန်ခူး လပြည့်နေ့၊ ညနေပိုင်း‌အချိန်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး၏(၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကုသိုလ်ကောင်းမှုပြုလုပ်ခြင်းအစီအစဉ်အရ သံဃာအပါး(၅၀၀)အား ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး၊ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့တာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် အလှူရှင်များက ပဲခူးမြို့နယ် အတွင်းမှ သုံးဂိုဏ်းဝင်ကျောင်းတိုက် အသီးသီးရှိ သံဃာတော်အရှင်သူမြတ်အပါး (၅၀၀)အား ဆွမ်းဆန်နှင့် လှူဖွယ်ဝထ္တုပစ္စည်းများ လောင်းလှူပူဇော်ကြကြောင်း သတင်းရရှိသည်။

ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး (၂၆၀၅)နှစ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အား တန်ခူးလဆန်း(၁၀)ရက်နေ့မှ တန်ခူးလပြည့်ကျော်(၄)ရက်နေ့အထိ၊  မတ်လ(၃၀)ရက်နေ့မှ ဧပြီလ (၈)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိကြောင်း သိရှိရသည်။

 ဆက်လက်၍ ညပိုင်းအချိန်တွင် ဆုတောင်းပြည့်စွယ်တော်ရှင် မဟာစေတီတော်မြတ်ကြီး၏အထွဋ် သို့ ရတနာထီးတော်၊ ရတနာငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော် တင်လှူပူဇော်ခြင်း အောင်ပွဲ အထိမ်းအမှတ်အနေဖြင့် အဆိုပါစေတီရင်ပြင်တော်ပေါ်၌ အထူးတရားပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော်သြဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ အရှင်ဉာဏိဿရ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။

ထို့နောက် သီတဂူကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ နိုင်ငံတော် သြဝါဒါစရိယ၊ ရွှေကျင်နိကာယ သာသနာပိုင်၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဒေါက်တာ အရှင်ဉာဏိဿရ အရှင်သူမြတ်မှ “စေတီယပူဇာ” အမည်ရ နိဗ္ဗာန်ရောက် ကြောင်းတရားတောအား ဟောကြားခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အလှူရှင်များက ဆရာတော်ကြီး အား နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုအတွက်ရေစက် သွန်းချ အမျှအတမ်း ပေးဝေခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီးတို့က ပဋိယတ္တိ စာသင်တိုက် အသီးသီးမှ တရားနာကြွရောက်လာသည့် သံဃာတော်များအား နဝကမ္မအလှူငွေများ ထပ်မံ လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။