Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်း ဆိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်း ဆိုင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေးခဲ့

ပဲခူး ဩဂုတ် ၂၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ နှင့်အတူ ဩဂုတ်လ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ  အထူးကျန်းမာရေး စောင့်ရှောက်မှု ဆောင်ရွက်ပေးနေမှုနှင့် ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများ၏ တိုက်ရိုက်အရောင်းဆိုင်များအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ ခုတင်(၅၀၀)ဆံ့  အထွေထွေ ရောဂါကုဆေးရုံးကြီးတွင် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်း များအား ကျန်းမာရေးဝန်ထမ်းများက စမ်းသပ်စစ်ဆေးကုသပေးနေမှု၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများမှ ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးနေမှုများအား လိုက်လံကြည့်ရှု့ခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျန်းမာရေးစောင့်ရှောက်မှုလာရောက်ခံယူကြသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကားပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လာရောက်ခံယူသည့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ဆေးဝါး(၁)လစာ အခမဲ့ထောက်ပံ့ပေးလျက်ရှိကာ ဆေးဝါးပြတ်လပ်မှုမရှိစေ ရေး အချိန်နှင့်တစ်ပြေးညီ တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား အခြေခံစားသုံးကုန်များ သက်သာသောနှုန်းထားဖြင့် ရောင်းချပေးခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ရုံး တာဝန်ရှိသူများနှင့်အတူ ပြည်သူများ တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးနှင့် ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုယ်တိုင်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များ၏ ဆန်၊ ဆီ၊ သား/ငါး၊ ဥနှင့် ဟင်းသီးဟင်ရွက် ရောင်းချ နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဈေးဝယ်လာသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းခဲ့ကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကုန်ပစ္စည်းထွက်ရှိရာ ဒေသတွေမှ စားသုံးတဲ့ ဒေသတွေဆီ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရာမှာ မီးရထားဖြင့် သယ်ယူပို့ဆောင်နိုင်ရေးနှင့် သယ်ယူသည့် လမ်းခရီး တစ်လျှောက် ကြန့်ကြာမှုမရှိစေရေး သက်ဆိုင်ရာဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန်၊ စားသုံးကုန် ဖြန့်ဖြူးသည့် သက်ဆိုင်ရာကုန်သည်ကြီးများအသင်းနှင့် ချိတ်ဆက်၍ ကြားခံအဆင့်ဆင့်မရှိဘဲ စားသုံးသူထံ တိုက်ရိုက်ရောက်ရှိရောင်းချနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် တစ်ဘက်မှာလည်း စားသုံးကုန်များ သိုလှောင်ပြီး  ဈေးနှုန်းကြီးမြင့်စွာ ပြန်လည်ရောင်းချနေမှုအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူ ဆောင် ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ပဲခူးတိုင်းဒေသကြီးအစိုးအဖွဲ့၏ ဦးဆောင်စီစဉ်လမ်းညွှန်မှုဖြင့်  ဒေသခံပြည်သူများ ဆန်၊ ဆီ၊ အသား/ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်များအား သန့်ရှင်းလတ်ဆတ်ပြီး ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံး နိုင်ရေး သက်ဆိုင်ရာ ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများနှင့်ချိတ်ဆက်ကာ ၎င်းတို့ကိုယ်တိုင် တိုက်ရိုက်လာရောက်ရောင်းချနိုင်သည့် အရောင်းဆိုင်များဖွင့်လှစ်၍ ဇွန်လ(၁၇)မှစတင်၍ တိုင်းဒေသကြီး အတွင်း မြို့နယ်(၂၈) မြို့နယ်ရှိ မြို့မဈေးများတွင် နေ့စဉ်ရောင်းချပေးလျက်ရှိကြောင်း သတင်းရရှိသည်။