Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်

ပဲခူး စက်တင်ဘာ ၁၂

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည်  အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် စက်တင်ဘာလ(၁၂)ရက်နေ့၊ နံနက်ပိုင်းက သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာအုပ်စု၌ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ဘုရားကြီးမြို့၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်မှု သင်တန်းဖွင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က ပဲခူးခရိုင်အတွင်းရှိ ပဲခူးမြို့နယ်၊ သနပ်ပင်မြို့နယ်၊ ကဝမြို့နယ်နှင့် ဝေါမြို့နယ်ရှိ တောင်သူလယ်သမားများ၊ အုန်းနှဲကျေးရွာရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှု အထက်တန်းကျောင်းမှ စိုက်ပျိုးရေးအထူးပြု ကျောင်းသားသူများနှင့် တွေ့ဆုံပြီး စိုက်ပျိုးရေးကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရေး၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး၊ စိုက်ပျိုးနည်းစနစ်များ ပြောင်းလဲ နိုင်ရေး၊ သက်တမ်းတိုပြီး အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်များ ဖူလုံစွာရရှိရေး တိုင်းဒေသကြီး အစိုးရအဖွဲ့မှ နည်းလမ်းပေါင်းစုံဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိနေမှုများအား ရှင်းလင်းပြောကြားခဲ့ပြီး လေ့လာရေးလာရောက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုအထက်တန်းကျောင်းမှ ကျောင်းသား/သူများ အား ငွေကျပ်(၅)သိန်း ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် တောင်သူလယ်သမားများ၊ ကျောင်းသားသူများအား စိုက်ပျိုးရေး ဦးစီးဌာနှင့် စက်မှုလယ်ယာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဝယ်ယူထားသည့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက် အသုံးပြုပုံများ၊ ပျိုးထောင်ပုံနှင့် ပျိုးထုံးများ လှီးဖြတ်ပုံအဆင့်ဆင့်တို့အား လက်တွေ့သရုပ်ပြ ရှင်းလင်းပြောကြားခဲ့ကြသည်။ ၎င်းနောက် တန်ဖိုးနည်း လက်ဆွဲကောက်စိုက်စက်များဖြင့်  နွေစပါးအကြို စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြ သည်။

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ကြိုးပမ်းမှုကြောင့် ယခင် နွေစပါး စိုက်ပျိုးဧက(၂.၆) သိန်းရှိရာမှ စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ယခုအခါ(၃.၈) သိန်းအထိ တိုးတက်လာခဲ့သည်။ ပန်းတိုင်အထွက်နှုန်း နီးကပ်လျက်ရှိသည့် စပါး၊ မြေပဲ၊ မတ်ပဲ၊ ပဲတီစိမ်းနှင့် ဝါသီးနှံတို့အား ယခုနှစ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းစနစ် ပြောင်းလဲခြင်းနှင့်အတူ အထွက် နှုန်းကောင်း မျိုးကောင်းမျိုးသန့်ရရှိရေး အထူးအလေးထား ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိပြီး ဒေသအလိုက် စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်ဇုံများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး) တောင်သူသင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်၍ အဖွင့်အမှာစကားပြောကြား ခဲ့သည်။ ၎င်းနောက် စက်မှုလယ်ယာသင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဦးသန်းထွန်းမှ စက်မှုလယ်ယာ သင်တန်းကျောင်း(ဘုရားကြီး) သင်တန်းဖွင့်လှစ်ရခြင်း၏ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကာ သင်တန်းတွင် စာတွေ့/လက်တွေ့ သင်ကြားမည့် လယ်ယာသုံး စက်ကိရိယာများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)