Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်

ပဲခူး အောက်တိုဘာ ၂၈

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ အောက်တိုဘာလ(၂၈)ရက်နေ့၊ ညနေပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၌ ပထမဆုံးအကြိမ် သီတင်းကျွတ်မီးထွန်းပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ ပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ သတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သီတင်းကျွတ်မီးထွန်းပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ စျေးရောင်းပွဲတော်ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ(၂)ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီ တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနဗင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတပ်မမှူးနှင့် ဇနီးတို့က သီတင်းကျွတ် မီးထွန်းပွဲတော် ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများမှ ကျွေးမွေးလှူဒါန်း နေသည့် နိဗ္ဗာန်ဈေးတန်းများ၊ မီးအလှဆင်ရုပ်ပုံများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSMEs) လူသုံးကုန်၊ စားသုံးကုန်နှင့် စိုက်ပျိုးရေး/မွေးမြူရေး ထုတ်ကုန် တိုက်ရိုက်အရောင်းဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သီတင်းကျွတ်မီးထွန်းပွဲတော်အား ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ပဲခူးမြို့တွင် ပထမဆုံးအကြိမ် စတင်ကျင်းပပြုလုပ်ပေးခဲ့ခြင်းဖြစ်ပြီး နိဗ္ဗာန်စျေးများ၊ စျေးရောင်းပွဲတော် အရောင်းဆိုင်ခန်း များ၊ သီတင်ကျွတ်အထိမ်းအမှတ် စျေးဆိုင်ခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များ၊ ကလေးကစားကွင်းများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။