Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဆီမီး(၁၀၀၀၀)ဆက်ကပ်လှူဒါန်းပူဇော်

ပဲခူး အောက်တိုဘာ ၂၉

=============

          ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား အောက်တိုဘာလ(၂၉)ရက်နေ့၊ သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဆီမီး (၁၀၀၀၀) ဆက်ကပ်လှူဒါန်းပူဇော်ပွဲအား ပြည်သူများနှင့်အတူ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့က ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး၊ မြောက်ဘက်မုခ်အာရုံခံတန်ဆောင်း၌ မြတ်စွာဘုရားအား ရည်စူး၍ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ကန့်တော့ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတပ်မှူးနှင့် ဇနီးတို့က ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီးအား ဗုဒ္ဓဂုဏ်တော် များကို ရည်မှန်း၍ နမောတဿသုံးကြိမ်ရွတ်ဆို ကန်တော့ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့သည် စေတီတော်မြတ်ကြီး၏ ကြာသပတေး ထောင့်တွင်နေရာယူ၍ ဆီမီး(၁၀၀၀၀)အား စတင်မီးထွန်းညှိပူဇော်ခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသည့် တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ၎င်းတို့၏ ဇနီးများ၊ အမှတ်(၇၇)ခြေမြန် တပ်မဌာနချုပ်၊ ဒုတပ်မမှူးနှင့် ဇနီး၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဘာသာရေး အသင်းအဖွဲ့များက ဆုတောင်းပြည့်ရွှေမော်တော်ရင်ပြင်ပေါ်၌ ဆီမီးများအသီးသီး ထွန်းညှိပူဇော်ခဲ့ကြရာ တေးညွှန့်မင်္ဂလာ တေးဂီတအဖွဲ့က ညိမ့်ညောင်းသာယာသော ဓမ္မတေးများဖြင့် သီဆိုပူဇော်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများအား ဆုတောင်းပြည့် စေတီတော်မြတ်ကြီးအား လက်လျာရစ်လှည့်လည်ပူဇော်ခဲ့ပြီး ဆီမီး(၁၀၀၀၀)ပါဝင်ပူဇော်ခဲ့သည့် ဘာသာရေး ဆိုင်ရာအသင်းအဖွဲ့များ၊ ဘုရားဖူးလာပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

သီတင်းကျွတ်လပြည့်နေ့၊ အဘိဓမ္မာအခါတော်နေ့၌ ပဲခူးမြို့၊ ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော် မြတ်ကြီး၊ ရွှေသောလျောင်းရုပ်ပွားတော်မြတ်ကြီး၊ ကျိုက်ပွန်လေးမျက်နှာဘုရား၊ မဟာစေတီတော်မြတ် ကြီး၊ ရွှေဂူလေးဘုရား၊ ရွှေဂူကြီးဘုရားစသာည့် ရှေးဟောင်းသမိုင်းဝင် ဘုရားစေတီများတို့တွင် ဘုရားဖူး လာ ပြည်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိကြောင်း သတင်းရရှိသည်။