Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် အောင်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူး ဧပြီ ၁၇

====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသော ၁၃၈၅-၈၆ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲ၊ ပိတ်ပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ပဲခူးမြို့၊ ဆေးရုံဟောင်းလမ်းပေါ်ရှိ ဗဟိုမဏ္ဍပ်၌ ဧပြီလ(၁၆) ရက်နေ့၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြိုင်ပွဲဝင် ယိမ်းအဖွဲ့(၁၉)ဖွဲ့အနက်မှ နှစ်သိမ့်ဆုရ ယိမ်းအဖွဲ့(၆)ဖွဲ့အား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ အတွင်းရေးမှူးနှင့် ဥပဒေချုပ်တို့က ယိမ်း(၁)ဖွဲ့လျှင် ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို လည်းကောင်း၊ ဂုဏ်ပြုဆုရရှိသည့် ယိမ်းအဖွဲ့(၅)ဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေကို တိုင်းရင်းသား ရေးရာဝန်ကြီးကလည်းကောင်း၊ စတုတ္ထရရှိသည့် တော်ဝင်ဟင်္သာယိမ်းအဖွဲ့နှင့် ပိတောက်ရွှေဝါယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေတို့အား လမ်းပန်းဆက်သွယ် ရေးဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က လည်းကောင်း၊ တတိယဆုရရှိသည့် ဟင်္သာပျိုမေယိမ်းအဖွဲ့နှင့် ငွေနှင်းမာလာ ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလား နှင့် ဂုဏ်ပြုဆုငွေတို့အား သယံဇာတရေးရာဝန်ကြီးနှင့် စီးပွားရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ဒုတိယ ဆုရရှိသည့် ပိတောက်ရွှေရည်ယိမ်းအဖွဲ့နှင့် ထိပ်ထားရွှေစင် ယိမ်းအဖွဲ့တို့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေတို့အား တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ကလည်းကောင်း အသီးသီး ဆုများ ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ပထမဆုရရှိသည့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု “နှစ်သစ်ပျိုမေ” ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေအား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ဇနီး ဒေါ်စိုးစိုးသက်က လည်းကောင်း၊ ပူးတွဲပထမဆုရ ဘုရားကြီးမြို့ကိုယ်စားပြု “တန်ခူးသံသာ အံ့ခြူးကဗျာ” ယိမ်းအဖွဲ့အား ဂုဏ်ပြုဆုဖလားနှင့် ဂုဏ်ပြုဆုငွေအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ကလည်းကောင်း အသီးသီး ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ပထမဆုရရှိသည့် ယိမ်းအဖွဲ့များက ပြိုင်ပွဲဝင်သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ  တင်ဆက်ခဲ့ကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့က အမှတ်ပေးဒိုင်လူကြီးများအား ဂုဏ်ပြုဆုငွေများကိုလည်းကောင်း၊ မြန်မာ့ဆိုင်းအဖွဲ့။ ခေတ်ပေါ်တေးဂီတအဖွဲ့နှင့် နိုင်ငံကျော်အဆိုတော် များအား အမှတ်တရ ဂုဏ်ပြုပန်းခြင်းများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က နှစ်ဟောင်းကုန်ဆုံး နှစ်သစ်ကူးပြောင်း အခါသမယ အဖြစ် နှုတ်ခွန်းဆက်ဆုတောင်းစကား ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြ သူများ၊ သင်္ကြန်ချစ်သူများ စုပေါင်း၍ မန်းတောင်ရိပ်ခိုသီချင်းအား စုပေါင်းသီဆိုခဲ့ကြသည်။ ၎င်းနောက် ညပိုင်းအထိ ခေတ်ပေါ်တေးဂီတအဖွဲ့ဖြင့် နိုင်ငံကျော်အဆိုတော်များက သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပခဲ့သည့် ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား မြို့နယ်(၂၈)မြို့နယ်တွင် ဒေသခံ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အေးချမ်းတည်ငြိမ် စည်ကားသိုက်မြိုက် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း သတင်းရရှိသည်။