Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီစိုက်ပျိုးနိုင်ရေး ပျိုးပင် များထောက်ပံပေးအပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီစိုက်ပျိုးနိုင်ရေး ပျိုးပင် များထောက်ပံပေးအပ်

ပဲခူး ဇွန် ၁၉

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် အမယ်သစ်သီးနှံ ရိုဘက်စတာကော်ဖီ စိုက်ပျိုးနိုင်ရေး ပျိုးပင်ထောက်ပံ့ပေးအပ်ပွဲအား ဇွန်လ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် (၃၆)အနီးရှိ Three Red Star Co., Ltd ၏ နှစ်ရှည်သီးနှံစိုက်ပျိုးရေးခြံ၌ ကျင်းပပြုလုပ်ခဲ့ရာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း

ကော်ဖီသီးနှံသည် ကုန်းမြင့်ဒေသတွင် စိုက်ပျိုးနိုင်သော ကော်ဖီမျိုးရှိသကဲ့သို့ ပဲခူးတိုင်းဒေသကြီး၏ ရာသီဥတုနှင့် ကိုက်ညီသည့် ကမ္ဘာ့ဈေးကွက်ဝင် ရိုဘက်စတာ မြေနိမ့်ကော်ဖီမျိုးများလည်းရှိပြီး ပင်လယ်ရေ မျက်နှာပြင်အမြင့်ပေ (၂၅၀၀)အောက်နှင့် မိုးရေချိန်(၆၀-၁၀၀)လက်မကြားမှာ စိုက်ပျိုးရန်သင့်တော်မှုရှိ ကြောင်း၊ ကော်ဖီသီးနှံတွင် မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်းအားဖြင့် ရရှိနိုင်သော အကျိုးကျေးဇူး များမှာ မျိုး၏ကောင်းမွန်သော မူလဗီဇအရည်အသွေးများ ထိန်းသိမ်းထားနိုင်ခြင်း၊ အပင်ပေါက်နှုန်း ကောင်းမွန်ညီညာ၍ ကြီးထွားမှုမြန်ဆန်စေခြင်း၊ မြေဩဇာ၊ အစိုဓါတ်၊ အလင်းရောင်တို့ကို ပိုမိုအသုံးပြုနိုင် စေခြင်း၊ ရာသီဥတုနှင့် ပိုးမွှားရောဂါဒဏ် ခံနိုင်ရည်ရှိခြင်း၊ ရင့်မှည့်မှုညီညာပြီး ခူးဆွတ်ရာတွင် အလေအလွင့် နည်းပါးခြင်း၊ သီးနှံအထွက်နှုန်း တစ်ဧကလျှင် (၂.၈၂)တန် ထွက်ရှိနိုင်သဖြင့် နိုင်ငံခြားဝင်ငွေ တိုးပွားရရှိ လာနိုင်မှာဖြစ်ကြောင်း၊ သစ်တောအစုအဖွဲ့လုပ်ငန်းရှင်များ၊ နှစ်ရှည်သီးနှံစိုက်ပျိုးသော လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့စိုက်ပျိုးသော သစ်တောပင်များမှ ဝင်ငွေရရှိသလို ရိုဘက်စတာကော်ဖီကို သီးညှပ်စိုက်ပျိုး ခြင်းအားဖြင့် (၂)သီးပေါ်မှ ဝင်ငွေ ပိုမိုတိုးတက်ရရှိလာနိုင်မှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင်၊ ရေတာရှည်မြို့တွင် Linght House Co., Ltd မှ ပြည်တွင်းမှထွက်ရှိသည့် ကော်ဖီအား တန်ဖိုးမြှင့်ထုတ်ကုန် အဖြစ် ပြန်လည်အမှုန့်ကြိတ်၍ ပြည်ပနိုင်ငံများသို့ နှစ်စဉ်တင်ပို့နေရပြီး လက်တွေ့အကျိုးကျေးဇူးများစွာ ရရှိခံစားနေရ ပြီဖြစ်ကာ ယခုမှ စိုက်ပျိုးမည့် လုပ်ငန်းရှင်များကိုလည်း သွားရောက်လေ့လာနိုင်ရေး စီစဉ်ပေးသွားမှာဖြစ် ကြောင်း၊ ၂၀၂၄-၂၀၂၅ ခု စိုက်ပျိုးရာသီတွင် တိုင်းဒေသကြီးအတွင်း ရိုဘက်စတာ ကော်ဖီ(၁၀၀၀)ဧက ပြည့်မီစွာ စိုက်ပျိုးသွားမှာဖြစ်ပြီး သက်ဆိုင်ရာဌာနဆိုင်ရာများမှလည်း ပူးပေါင်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်တော အစုအဖွဲ့လုပ်ငန်းရှင်များနှင့် နှစ်ရှည်သီးနှံစိုက်ပျိုးသောလုပ်ငန်းရှင်များအား ရိုဘက်စတာကော်ဖီပျိုးပင်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး နှစ်ရှည်သီးနှံပင်ကြား သီးညှပ်ကော်ဖီပင်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့နယ်၊ မယင်းကျေးရွာ၌ တစ်ကွင်း တစ်ဆက်တည်း ဧက(၃၀၀) မိုးစပါး စုပေါင်းထွန်ယက်ခြင်း၊ ပျိုးထောင်ခြင်းနှင့် ဓါတ်မြေဩဇာထောက်ပံ့ ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး မိုးစပါးသီးနှံ ပန်းတိုင်အထွက်နှုန်း ရရှိပါက တိုင်းဒေသကြီးအတွင်း အဓိက သီးနှံ(၇)မျိုး ပန်းတိုင်ရရှိနိုင်မှာဖြစ်၍ မြေပြင်ခြင်းအချိန်ကတည်းက စနစ်တကျဆောင်ရွက်ရန်၊ ပျိုးထောင် စိုက်ပျိုးခြင်းနှင့် လက်ဆွဲကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများကို မဖြစ်မနေ ဆောင်ရွက်သွားရမှာဖြစ်ပြီး မမျှော်မှန်းနိုင်သည့် ရာသီဥတုဖြစ်စဉ်ကြောင့် ရိတ်သိမ်းချိန်လွန်နည်းပညာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအတွက် သွင်းအားစု များ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် သဘာဝငါးမျိုးပြုန်းတီးမှုမရှိစေရေး၊ ဘေးအန္တရာယ်ကင်းပြီး စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရေးနှင့် ငါးသားဖောက်လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် ပထမဦးဆုံးအကြိမ် ငါးရံ့၊ ငါးကျည်း သားဖောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး နည်းပညာ၊ သဘာဝငါးစာနှင့် မွေးမြူခြင်း၊ သားဖောက်ခြင်းစသည့် နည်းစနစ်များကို တိုင်းဒေသကြီးအတွင်းရှိ ငါးသား ဖောက်စခန်းများသို့ ဖြန့်ဖြူးပေးသွားရန်နှင့် သဘာဝငါးမျိုးဖြင့် စီးပွားဖြစ်လုပ်ကိုင်သည့် လုပ်ငန်းရှင်များ အား ဖိတ်ခေါ်၍ ကိုယ်တိုင်မွေးမြူထုတ်လုပ်နိုင်ရေး သင်တန်းများပေးရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။