Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၁၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၁၁)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၅/၂၀၂၄) ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော် ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ရှင်းလင်းဖတ်ကြားခဲ့သည်။ ၎င်းနောက် မိုးစပါးစိုက်ရာသီ ဖြစ်၍ သတ်မှတ်လျာထားသည့် မိုးစပါးစိုက်ဧကများ ပြည့်မီစွာစိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာတာဝန်ရှိသူ များက ကြီးကြပ်ဆောင်ရွက်ရန်နှင့် ပျိုးခြံများရှိ ပျိုးပင်များ ဇူလိုင်လအတွင်းအပြီး စိုက်ပျိုးသွားရမှာဖြစ် ကြောင်း၊ မိုးရာသီအတွင်း ဖြစ်ပွားတတ်သည့် ကူးစက်ရောဂါများ ဖြစ်ပွားမှုမရှိစေရေး ကြိုတင်ကာကွယ် ခြင်းနည်းလမ်းများ အသိပညာပေးရန်နှင့် ဖြစ်ပွားလာပါက ကုသခြင်းနှင့် ထိန်းချုပ်ခြင်း လုပ်ငန်းများ တစ်ပါတည်းဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာမြို့နယ်အလိုက် စီမံဆောင်ရွက်ထားရမှာဖြစ် ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များအား စဉ်ဆက်မပြတ် သွားရောက်ကြည့်ရှုစစ်ဆေးရန် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးသွား ရမှာဖြစ်ကြောင်း၊ အခြေခံစားသုံးကုန်များ၊ ဆေးဝါများ ဈေးကွက်အတွင်း ပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချနိုင်ရေး စစ်ဆေးဆောင်ရွက်ရန် နှင့် သတ်မှတ်ထားသည့် အခွန်ဘဏ္ဍာငွေများ အပြည့်အဝရရှိစေရေး အခွန်ပုန်း၊ အခွန်ရှောင်များအား စိစစ်ဖော်ထုတ်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ မြို့ဝင်/မြို့ထွက် စစ်ဆေးရေးဂိတ်များတွင် တရားမဝင်ကုန်ပစ္စည်းများ သယ်ဆောင်မှု မရှိစေရေး စနစ်တကျ စစ်ဆေးသွားရန်နှင့် ဌာနဆိုင်ရာရုံးလုပ်ငန်းများ ဆောင်ရွက်ရာ တွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ မြို့ပြသန့်ရှင်းသာယာလှပေစေရေးနှင့် အခြေခံစားသုံးကုန်များ ရောင်းဝယ်မှုဆိုင်ရာကိစ္စရပ်များ စက်သုံးဆီဆိုင်ရာကိစ္စရပ်များ၊ ဘာသာရေးနှင့် သာသနာရေးဆိုင်ရာကိစ္စရပ်များ၊ တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာကိစ္စရပ်များ၊ တရားရေးဆိုင်ရာကိစ္စရပ်များအား အသီးသီးတင်ပြဆွေးနွေးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနှင့် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။

          ယင်းနောက် တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ကောလိပ်၊ အဆင့်မြင့်ပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ဌာနဆိုင်ရာရုံးလုပ်ငန်းများ ပုံမှန်ဆောင်ရွက်နေမှုနှင့် သီးခြားလိုအပ်ချက်များအားတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဌာနတစ်ခုချင်းအလိုက် တင်ပြချက်အပေါ် လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြား ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)