Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်

ပဲခူး ဇူလိုင် ၂၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၅)ရက်နေ့၊ နံနက်ပိုင်းက တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား ရေးနှင့် သီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီကျော်လွန်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၅/၂၀၂၄) ကျင်းပပြုလုပ်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိုးစပါးစိုက်ပျိုးသည့် ရာသီဖြစ်၍ သတ်မှတ် စိုက်ဧကများ ပြည့်မီစွာအချိန်မီပြီးစီးရေး စိုက်ပျိုးသွားရန်နှင့် တစ်ဘက်မှာလည်း ရေကြီးနစ်မြှုပ်မှုကြောင့် ထိခိုက်၊ပျက်စီးမည့် မိုးစပါးစိုက်ဧကများအတွက် ပြန်လည်ကုစားနိုင်ရေး ကြိုတင်ပျိုးထောင်ခြင်းလုပ်ငန်း များ ပြင်ဆင်ထားရမှာဖြစ်ကြောင်း၊ စားရေရိက္ခာဖူလုံပိုလျှံရေးအတွက် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင် အထွက်နှုန်းရရှိရေးနှင့် သီးထပ်စွမ်းအား၊ သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားရန် လိုအပ်မှာဖြစ်ကြောင်း၊ သီးနှံစိုက်ပျိုးမှုပုံစံအရ မိုးစပါးသည် ပထမသီးနှံဖြစ်သည့်အတွက် ရာသီအချိန်မီ စိုက်ပျိုးနိုင်မှသာ ဒုတိယ သီးနှံနှင့် တတိယသီးနှံများ စိုက်ချိန်မှန်ကန်စွာ စိုက်ပျိုးနိုင်မှာဖြစ်၍ သက်ဆိုင်ရာမြို့နယ်အလိုက် စိုက်ပျိုး ရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ဒေသခံတောင်သူများ စိုက်နည်းစနစ်မှန်ကန်စေရေး လက်ဆွဲကောက်စိုက်စက်များ ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ပြီးဖြစ်ကြောင်း၊ ဆီထွက်သီးနှံဇုန်များအလိုက် မြေနေရာအပေါ်မူတည်၍ သီးနှံ ပြောင်းလဲစိုက်ပျိုးခြင်းကို ဆောင်ရွက်သွားရမှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ပြည့်မီစွာရရှိနိုင်ရေး အားလုံးပူးပေါင်းကြိုးစား ဆောင်ရွက်သွားကြ စေလိုကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တက်ရောက်လာသည့် ပြည်ခရိုင်၊ နတ်တလင်းခရိုင်၊ သာယာဝတီခရိုင်၊ တောင်ငူခရိုင်၊ ညောင်လေးပင်ခရိုင်နှင့် ပဲခူးခရိုင်တို့မှ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးများက နွေစပါးရိတ်သိမ်းပြီးစီးမှု၊ မိုးစပါးနှင့် မိုးသီးနှံအမယ်စုံ စိုက်ပျိုးထားရှိမှု အခြေအနေများအား အသေးစိတ် Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးမှူးက စိုက်ပျိုးသီးနှံအလိုက် သုံသပ်အကြံပြုတင်ပြခဲ့သည်။

          ယင်းနောက် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးသီးနှံ အလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းတင်ပြဆွေးနွေးခဲ့ရာ တိုင်း ဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက စိုက်ပျိုးရေးနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးတို့၏ ညွှန်ကြားချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ အကြံပြုသုံးသပ် တင်ပြ ချက်များနှင့်ပတ်သက်၍ သီးနှံတစ်ခုချင်းအလိုက် ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိစေရေးနှင့် မြို့နယ် တစ်ခုချင်းအလိုက် သီးနှံစိုက်ပျိုးမှုပုံစံ ပြောင်းလဲနိုင်ရေး အသေးစိတ် ဖြည့်စွက်လမ်းညွှန်ကြားခဲ့ကြောင်း သတင်းရရှိသည်။