ပဲခူး သြဂုတ် ၁၅

၂၀၂၄ခုနှစ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဖလား အသက်(၂၀)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို သြဂုတ်လ(၁၅) ရက်နေ့ နံနက် ပိုင်းက ပဲခူးမြို့၊ ဥဿာမြို့သစ်ရှိ ပဲခူးခရိုင်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမျိုးသားမီတာ(၈၀၀)၊ အမျိုးသမီး(၂၀၀)နှင့် အမျိုးသားမီတာ(၄၀၀) လက်ဆင့်ကမ်း ယှဉ်ပြိုင်နေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ၊ ဒေသခံ ပြည်သူများက ကြည့်ရှု့အားပေးကြသည်။
ယင်းနောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ အမျိုးသား/အမျိုးသမီး မီတာ(၁၆၀၀) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၂၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး မီတာ (၅၀၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး မီတာ(၈၀၀)အပြေးပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများအား အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက် ပထမ ရရှိသော ပဲခူးခရိုင်အသင်း၊ ဒုတိယရရှိသော ပြည်အခရိုင်အသင်း၊ တတိယရရှိသော တောင်ငူခရိုင် အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ လည်း ကောင်း၊ အမျိုးသားတံခွန်စိုက် ပထမဆုရရှိသော ပြည်ခရိုင်အသင်း၊ ဒုတိယရရှိသော ပဲခူးခရိုင်အသင်း၊ တတိယရရှိသော တောင်ငူခရိုင်အသင်းတို့အား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆုများကို လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်မှလည်းကောင်း ဆုများအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ ၂၀၂၄ ခုနှစ်၊ အသက်(၂၀)နှစ် အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စုပေါင်းတံခွန်စိုက်ဆုရရှိသော ပဲခူးခရိုင်အသင်းအား စုပေါင်းတံခွန်စိုက် ဆုဖလားနှင့် ငွေသားဆု(၁၅)သိန်းကျပ်အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website