Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

စက်တင်ဘာ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ စက်တင်ဘာလ(၄) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အောက်တိုဘာလ(၁)ရက်နေ့မှ စတင်ကောက်ယူတော့မည်ဖြစ်ရာ အသုံးပြုရမည့် အထောက်အကူပြု ပစ္စည်းများ သတ်မှတ်နေရာသို့ အချိန်မီရောက်ရှိစေရန် လိုအပ်မှာဖြစ်ကြောင်း၊ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို ခရိုင်အဆင့်နည်းပြသင်တန်းများ စတင်ဖွင့်လှစ်လျက်ရှိပြီး မြို့နယ် အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းများအား သတ်မှတ်ရက်အတိုင်း ဖွင့်လှစ်ပို့ချနိုင်ရေး ပြင်ဆင် ထားရမှာဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတစ်ခုလုံး လွှမ်းခြုံမှုရာနှုန်းပြည့်ရရှိနိုင်ရန်၊ အရည်အသွေး ကောင်းမွန်သည့် သန်းခေါင်စာရင်းဖြစ်စေရန်၊ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှုကိစ္စရပ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ဌာနဆိုင်ရာများပါဝင်သည့် သီးခြားရုံးအဖွဲ့များဖြင့် ဖွဲ့စည်းဆောင်ရွက်သွားရန်နှင့် လိုအပ်သည်များကိုလည်း ပံ့ပိုးကူညီဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက အောက်တိုဘာလ(၁) ရက်နေ့တွင် စတင်ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမည့် လုပ်ငန်းစဉ်နှင့် ဆောင်ရွက်ရသွားမည့် လုပ်ငန်းစီမံချက်အား Power Point ဖြင့် အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က မြေပြင်စာရင်းကောက်ကွက်များအလိုက် လုံခြုံရေးလိုက်ပါဆောင်ရွက်ပေးသွား မည့် အစီအမံများကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က မြေပြင်စာရင်းကောက်ယူရေးနှင့် ရုံးလုပ်ငန်းသီးခြားဖွဲ့စည်း ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၈)မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု(၁၇၄၅)၊ ကျေးရွာပေါင်း (၆၅၀၀)ရှိပြီး လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် စာရင်းစစ် (၉၃၈)ဦး၊ စာရင်းကောက်(၃၃၂၁)ဦး စုစုပေါင်း(၄၂၅၉)ဦး ခန့်အပ်တာဝန်ပေးထားပြီးဖြစ်ကြောင်း သတင်း ရရှိသည်။