Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့်ဂုဏ်ပြု ခြင်း အခမ်းအနား ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၆
=================

အောက်တိုဘာလ(၆)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည့် လုံခြုံရေးတပ်ဖွဲ့များအား ချီးမြှင့် ဂုဏ်ပြုခြင်း အခမ်းအနားကို ပြည်မြို့၊ ဒေသ ကွပ်ကဲမှုစစ်ဌာနချုပ်၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ချီးမြှင့်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းတို့က ပဲခူးတိုင်းဒေသကြီး အတွင်း လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ရာတွင် မိမိတို့လုံခြုံရေးတပ်ဖွဲ့ ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်ခဲယမ်းများ စွာ သိမ်းဆည်းရရှိခဲ့မှုအပေါ် ဂုဏ်ပြုစကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ချီးမြှင့်ငွေကျပ်(၁၁၄)သိန်းနှင့် ဂုဏ်ပြု မှတ်တမ်းကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းက ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များ ကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ပြည်)မှ ဂုဏ်ပြုငွေကျပ်(၅)သိန်း၊ ပန်းတောင်းတပ်နယ်မှ ဂုဏ်ပြုငွေကျပ်(၅)သိန်းနှင့် လုံခြုံရေးနှင့်နယ်စပ် ရေးရာ ဝန်ကြီးက ဂုဏ်ပြုလက်ဆောင်များ အသီးသီး ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုခံ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အတူတကွ ရင်းရင်းနှီးနှီး နံနက်စာ သုံးဆောင်ခဲ့ကြပြီး ဖမ်းဆည်းရမိခဲ့သည့် လက်နက်ခဲယမ်းများအား ကြည့်ရှုခဲ့ကြသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း စက်တင်ဘာလကုန်အထိ အကြမ်းဖက်သမားများနှင့် ထိတွေ့မှုဖြစ်စဉ်တွင် မိမိတို့လုံခြုံရေး တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သမားများနှင့်အတူ လက်နက်မျိုးစုံ (၄၂၁) လက်၊ ကျည်/ခဲယမ်းမျိုးစုံ (၁၂၁၆၆)တောင့်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ပြည်မြို့၊ ကမ်းနားလမ်းတိုးချဲ့ ဆောင်ရွက်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်ရှိသည့်အပိုင်းအား ဆက်လက်ဆောင်ရွက် နိုင်ရေး တွက်ချက်တင်ပြရန်၊ ကမ်းနားလမ်းတစ်လျှောက် ခွင့်ပြုပေးထားသည့် မြေငှားဂရန်ပါဧရိယာအတိုင်း သုံးစွဲရန်နှင့် ကျော်လွန်သုံးစွဲမှုမရှိစေရေး မြေပြင်ကွင်းဆင်းတိုင်းတာ၍ ပြန်လည်တင်ပြရန် တာဝန်ရှိသူ များအား လမ်းညွှန်မှာကြားခဲ့သည်။