Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၆
==========

ပဲခူမြို့၊ မြို့တော်ခန်းမ၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME Agency မွ ဦးဆောင်၍ ပဲခူးတိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်ချီးမြှင့် ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့အစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ် ပေးသည့် MSMEs ဒေသထုတ် ကုန်စည်ပြပွဲ၊ ဈေးရောင်းပွဲနှင့် Talk Show စကားဝိုင်းများ ပြုလုပ်ပေးခြင်း အားဖြင့် MSMEs စီးပွားရေးလုပ်ငန်းရှင်များ၏ အားသာချက်၊ အားနည်းချက်၊ အခက်အခဲများကို သိရှိပြီး လိုအပ်သည့်ပံ့ပိုးမှုများ ကူညီဆောင်ရွက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် အဓိကမောင်းနှင်အားဖြစ်သော MSMEs လုပ်ငန်းအရေအတွက်မှာ စီးပွားရေးလုပ်ငန်းစုစုပေါင်း၏ (၉၉%) ဖြစ်ကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာပါက ပြည်သူများ၏ အလုပ်အကိုင်၊ အခွင့် အလမ်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်၍ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အေလးထား ဆောင်ရွက်ပေးနေရခြင်းပင်ဖြစ်ကြောင်း၊ MSMEs ပြပွဲများနှင့် Talk Show စကားဝိုင်း ဆွေးနွေးပွဲများမှတစ်ဆင့် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ပေါကြွယ်ဝမှု၊ ယဉ်ကျေးမှု ဓေလ့ထုံးစံမ်ား ကိုလည်း ပြသနိုင်မှာဖြစ်ကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးသည် တိုင်းဒေသကြီး/ပြည်နယ်(၇)ခုနှင့် ချိတ်ဆက်လျက်ရှိကာ တည်ငြိမ်အေးချမ်း၍ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး စီးပွားရေးအရ မဟာဗျူဟာကျသည့် အခြေခံကောင်းများ ပိုင်ဆိုင်လျက်ရှိကြောင်း၊ ပဲခူးတိုင်းဒေသကြီး၏ ကောင်းမွန်သော ရေမြေသဘာဝကို အသုံးချပြီး ဒေသတွင်းလုပ်ငန်းများ အချင်းချင်း ချိတ်ဆက်ခြင်း၊ တီထွင်ဆန်းသစ်ခြင်း၊ အရည်အသွေးကောင်းမွန်သော အရသာနှင့် ခေတ်မီသောထုတ်ပိုးမှုစနစ်များဖြင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် လုပ်ငန်းများဖြစ်လာစေရေး ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးတင်ဦးက တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲ ၊ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်များ ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် MSME Agency တို့ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများက ခင်းကျင်းပြသထားသည့် MSMEs ထုတ္တ်ကုန်များ၊ ခေတ်မီထုတ်ပိုးမှုစက်များအား လှည့်လည် ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် စီးပွားရေးရာဝန်ကြီး ဦးတင်ဦးမှ ဦးဆောင်၍ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ SMEဌာနမှူး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဦးစီးဌာနမှူးနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများမှ တာဝန်ရှိသူတို့က တိုင်းဒေသကြီးအတွင်း MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး Talk Show စကားဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်ရာ တက်ရောက်လာကြသည့် တိုင်းဒေသကြီးအတွင်းရှိ MSMEs စီးပွားရေး လုပ်ငန်းရှင်များက စီးပွားရေးလုပ်ငန်းတစ်ခုချင်းအလိုက် လိုအပ်ချက်များအား ရင်းရင်းနှီးနှီး ပွင့်ပွင့် လင်းလင်း မေးမြန်းခဲ့ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ MSME Agency မှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ မွန်းလွဲပိုင်း၌ ပဲခူးမြို့၊ ရွှေမော်ဓောဘုရား၊ အနောက်ဘက်မုခ်၊ ယာဉ်ရပ်နားဝန်းအတွင်း MSMEs ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ပြပွဲအတွင်း ခင်းကျင်းပြသထားသည့် MSMEs ဒေသထွက်ကုန်အရောင်းပြခန်း(၁၅၂)ခန်းအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။