Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေး ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအတွင်း အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေး ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇန်နဝါရီ ၉

===========================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများလိုက်ပါ လျက် ဇန်နဝါရီလ(၉)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးမြို့ပေါ်ရပ်ကွက်များတွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆)အား မြေပြင်စာရင်းတိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့၊ မြို့တွင်းကြီးရပ်ကွက်၊ စိန်သာမြ လမ်းသို့ ရောက်ရှိခဲ့ပြီး အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)အား နေအိမ်တစ်ခုချင်းအလိုက် တိုက်ဆိုင် စစ်ဆေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ရပ်ကွက်အတွင်း အမှိုက်ကင်းစင်ရေးနှင့် ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ရပ်ကွက်နေပြည်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသို့ ရောက်ရှိခဲ့ပြီး အသက်(၅)နှစ်မှ (၁၂)နှစ်ထိ ကိုဗစ်(၁၉)ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster ထိုးနှံနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ယင်းနောက် ပဲခူးမြို့၊ဟံသာဝတီရှေးဟောင်းမြို့ရိုးနှင့်ကျုံးများ ပြန်လည်တူးဖော်နေသည့် (မိုးကောင်း) တံခါးသို့ ရောက်ရှိခဲ့ပြီး ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ပြန်လည်ပြုပြင် ထိန်းသိမ်းနိုင်ရန်အတွက် ကျုံးနှင့်မြို့ရိုးများတူးဖော်ခြင်းဖြစ်ပြီး တူးဖော်သည့်နေရာများမှ တွေ့ရှိလာသည့် ရှေးဟောင်းအမွေအနှစ်ပစ္စည်းများအား အချိန်ကာလ၊ အမျိုးအစား၊ နေရာအလိုက် သေချာမှတ်တမ်းတင် ထိန်းသိမ်းထားရှိရန်နှင့် ရှေးဟောင်းနယ်မြေများအတွင်း ကျူးကျော်နေထိုင်မှုမရှိစေရေး အနီးကပ်ကြီးကြပ် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။