Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် မိုးစပါးစုပေါင်းစိုက်ပျိုးနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဇူလိုင် ၁၁

           ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ  နှင့်အတူ ဇူလိုင်လ ၁၁ ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် လယ်ယာသုံးစက်ကိရိယာများဖြင့် စုပေါင်းမိုးစပါးစိုက်ပျိုးနေမှု သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

            ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ တို့သည် သနပ်ပင်မြို့နယ်၊ ဖရဲကျေးရွာသို့ ရောက်ရှိခဲ့ပြီး ဒေသခံမိုးစပါးစိုက် တောင်သူများနှင့်တွေ့ဆုံ၍ ဓါတ်မြေဩဇာသုံးစွဲမှု လျော့ချသုံးစွဲနိုင်ရေးနှင့် မြေဆီဩဇာကြွယ်ဝစေရေး သဘာဝမြေဩဇာထုတ်လုပ် သုံးစွဲရန်၊ ကြားသီးနှံအဖြစ် ပဲတစ်မျိုးမျိုးစိုက်ပျိုးရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီ စေရေးအတွက် မျိုးကောင်းမျိုးသန့်များ ရရှိရေး ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

           ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ပြီးချုပ် ဦးမျိုးဆွေဝင်းနှင့် တာဝန်ရှိသူများက ဒေသခံမိုးစပါးစိုက် တောင်သူများအတွက် သွင်းအားစုများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိသည့် အင်ဂျင်ပါ လက်ဆွဲကောက်စိုက်စက်၊ အင်ဂျင်ပါ မျိုးစေ့ချကိရိယာ၊ လူစီးကောက်စိုက်စက်တို့ဖြင့် ရေဆင်းပေါ်ဆန်း(၁)မျိုး စုပေါင်းမိုးစပါးစိုက်ပျိုးနေမှုအား ဒေသခံတောင်သူများ နှင့်အတူတကွ ကြည့်ရှုအားပေးခဲ့ကြောင်း သတင်းရရှိသည်။