Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) တက္ကသိုလ်ဝင် စာမေးပွဲ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) တက္ကသိုလ်ဝင် စာမေးပွဲ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၆

====================

          စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသားများ၏ မျှော်လင့်ချက် များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သိရီရတနာခန်းမ၌ ယနေ့ ကျင်းပပြုလုပ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ယင်းသို့ ပြောကြားသည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီးအတွင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေး အတွက် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် ပညာရေး ပေါ်တွင် မူတည်နေကြောင်း၊ စာသင်ခန်းထဲတွင် တိုင်းပြည်၏ အနာဂတ်၊ မိဘများ၏ ရည်မှန်းချက်၊ ကျောင်းသား များ၏ မျှော်လင့်ချက်များရှိနေသည်ကို သတိပြုရမှာဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲတွင် စာစစ်အတွေ့ အကြုံရှိတဲ့ ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများက ဘာသာရပ်အလိုက် မေးခွန်းပုံစံများ၊ အမှတ်ပေး စည်းမျဉ်းများနှင့် ပါဝင်ရမည့်အချက်အလက်များကို တိကျစွာရှင်းလင်းသွားမှာဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်မြင့်မားရေးအတွက် အထက်တန်းပြဆရာ/ဆရာမများအနေဖြင့်လည်း ယခုအလုပ်ရုံ ဆွေးနွေးပွဲတွင် ရှင်းလင်းသင်ပြမည့် စာမေးပွဲဆိုင်ရာအချက် အလက်များကို သေချာတိကျ ရှင်းလင်းစွာ သိရှိစေရန် လိုအပ်ကြောင်းနှင့် အလုပ်ရုံဆွေးနွေးပွဲမှရရှိသည့် အတွေ့အကြုံကောင်းများကို တက္ကသိုလ်ဝင်တန်းဖြေဆို မည့် ကျောင်းသား/သူများကို အတတ်နိုင်ဆုံး အကောင်းဆုံး ပြန်လည်ကြိုးစား သင်ကြား ပေးစေလို ကြောင်း ပြောကြားခဲ့သည်။

                 ထို့နောက် ပဲခူးတိုင်းဒေသကြီးပညာရေး ညွှန်ကြားရေးမှူး ဦးစိုးလွင်က တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်ချက်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ ကြောင်းသည်။

          ယင်းနောက် ပြည်ခရိုင်အတွင်းရှိ ကျောင်းအုပ်ကြီးများ၊ အထက်တန်းပြ ဆရာ/ ဆရာမများနှင့် ပဲခူးတက္ကသိုလ်မှ ပါမောက္ခ/ဌာနမှူးများ စုစုပေါင်း(၇၀၈)ဦးအတွက် စားသောက်စရိတ် (၃၄၅၀၀၀ဝိ/-) ထောက်ပံ့ပေးခဲ့ကာ ဆရာ/ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများ ဆန်နှင့်ဆီအား ဈေးနှုန်းချိုသာစွာဖြင့်ရရှိနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် တာဝန်ရှိသူများ အား လမ်းညွှန်မှာကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ကိုးသောင်းရပ်၊ သာသနမင်္ဂလာ စာသင်တိုက်သို့ သွားရောက်၍ ဆရာတော်/သံဃာတော်များ ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster ဒုတိယအကြိမ် ထိုးနှံပေးနေမှုအား ကြည့်ရှုကြည်ညိုခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ ၎င်းနောက် ဆုတောင်းပြည့်ရွှေဆံတော်စေတီ တော်သို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ပြီး ဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ စေတီတော်ဘက်စုံပြုပြင်မွန်းမံနိုင်ရေး အလှူငွေကျပ်သိန်း(၅၀)အား ပေးအပ်လှူဒါန်းခဲ့ကာ ရပ်တန့်လျက်ရှိသော (၅)ထပ်ဓမ္မာရုံအား ပြန်လည်တည်ဆောက်နိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။