Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား/သူများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် ဂုဏ်ပြုချီးမြှင့်

ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြ သော ကျောင်းသား/သူများ ဆုချီးမြှင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက် ဂုဏ်ပြုချီးမြှင့်

ပြည် ဇွန် ၂၄

=========================

          ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ သီရိပညာခန်းမ၌ ဇွန်လ(၂၄)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား/သူများ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

          ရှေးဦးစွာ ပြည်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး(အနောက်) ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် (၅)ဘာသာ ဂုဏ်ထူးရရှိသူများအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်ကလည်းကောင်း၊ (၄)ဘာသာဂုဏ်ထူးရရှိသူ ကျောင်းသား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးနှင့် ၎င်းတို့၏ ဇနီး များကလည်းကောင်း ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ၎င်းနောက် ဂုဏ်ပြုဆုရ ကျောင်းသား/သူများကိုယ်စား သဖန်းကုန်းအခြေခံပညာအထက်တန်းကျောင်းမှ (၅)ဘာသာဂုဏ်ထူးရှင် မောင်ပိုင်သုခက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဇနီး ဒေါ်စိုးစိုးသက်နှင့် တာဝန်ရှိသူများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြပြီး ဂုဏ်ပြုဆုရ ကျောင်းသား/သူများအား ရင်းရင်း နှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြသည်။

          ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း)အနေဖြင့် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား /သူ (၆၀၇၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ (၄၁၉၉)ဦး အောင်မြင်ခဲ့ပြီး အောင်မြင်မှုရာခိုင်နှုန်း(၆၉.၁၄)ရရှိခဲ့ကာ (၅)ဘာသာ ဂုဏ်ထူး(၉)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၄၀)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၂၄၁)ဦး စုစုပေါင်း (၂၉၀)ဦးတို့ ထူးချွန်စွာ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ပြည်မြို့၊ မြို့မဈေးကြီး၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ သူတို့၏ တိုက်ရိုက်အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချနေမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ၏ လိုအပ်သောအခြေခံစားသုံးကုန်များ ပြင်ပဈေနှုန်းထက် သက်သာစွာဝယ်ယူစားသုံးနိုင်ရေး ကိုယ်တိုင်စိုက်ပျိုး၊မွေးမြူထုတ်လုပ်သူများနှင့် တိုက်ရိုက်ချိတ်ဆက်၍ နေ့စဉ်ဖွင့်လှစ်ရောင်းချပေးရန်၊ ဒေသထွက်ကုန်များ ပြတ်လပ်မှုမရှိစေရေး စီစဉ်ဆောင်ရွက်ပေးရန်နှင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွား ဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်ချက်များအား စဉ်ဆက်မပြတ် မျှော်မှန်းဖြည့်ဆည်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။