Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၃
==============

ပြည်မြို့၊ ခေတ္တရာရတနာမြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း (Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့၏ ကြိုးစားအားထုတ်မှု၊ ပြည်သူလူထု၏ စည်းကမ်းလိုက်နာမှုတို့ကြောင့် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း (၂)%အောက် ကျဆင်းရခြင်းဖြစ်၍ ယခုလို ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလအတွင်း တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများတို့၏ အစီအစဉ်ဖြင့် အောက်စီဂျင်လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ခဲ့မှု အခြေအနေများနှင့် ယင်းကာလအတွင်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပြည်ခရိုင်နှင့် သာယာဝတီခရိုင်းအတွင်းရှိ မြို့နယ်အလိုက် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်) ခေတ္တဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မြတ်ကိုတို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက လက်ခံရယူ ခဲ့ကြကြောင်း သိရှိရသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များအား မျက်နှာသုတ်ပုဝါအကြီးများ အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ဂုဏ်ပြုနေလည်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။