Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ ဝန်ထမ်း (Volunteer)များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး နိုဝင်ဘာ ၁၀

==============

       ပဲခူးမြို့၊ မြို့တော်ခန်းမတွင် နိုဝင်ဘာလ(၁၀)ရက်နေ့ ညနေ(၆)နာရီအချိန်က ပဲခူးတိုင်းဒေသကြီး  (အရှေ့ခြမ်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer) များအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။

     ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကာလ အတွင်း စွမ်းစွမ်းတမံ ကြိုးစားလုပ်ဆောင်ခဲ့ကြသည့် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ချီးကျူးဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

         ထို့နောက် ပဲခူးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် တက်ကြွစွာပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပဲခူးခရိုင်အတွင်းမှ ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းကလည်းကောင်း၊ တောင်ငူခရိုင်အတွင်းမှ ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများ နှင့် စေတနာ့ဝန်ထမ်း(Volunteer)များအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်  တိုင်းမှူး ဗိုလ်မှူးချုပ် ထိန်ဝင်းကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုထောက်ပံ့ငွေများ အသီးသီး ပေးအပ်ချီးမြှင့်ကြရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြကြောင်း သိရှိရသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူး ဒေါက်တာသီဟက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တက်ရောက်လာသည့် ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်း(Volunteer)များအား ဂုဏ်ပြုညစာ ဖြင့် တည်ခင်းဧည့်ခံကျွေးမွေးခဲ့ကြောင်း သတင်းရရှိသည်။