Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၄

============

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအတွင်း၌ ဇန်နဝါရီလ(၄)ရက်နေ့ နံနက်(၄:၂၀) နာရီအချိန်က (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အလံတင်အခမ်းအနား ကျင်းပ ပြုလုပ်သည်။

     အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး လှမျိုးရွှေနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသားလူမျိုးများ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ် အလံတင်တပ်ဖွဲ့နှင့် စစ်တီးဝိုင်းအဖွဲ့တို့ တက်ရောက်ကြပြီး အလံတင်တပ်ဖွဲ့မှ ပြည်‌ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလံတိုင်ထိပ်သို့လွှင့်တင်ကာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှမျိုးရွှေ ဦးဆောင်သော အခမ်းအနား တက်ရောက်လာကြသူများက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။

     ထို့နောက် နံနက်(၇)နာရီအချိန်တွင် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တပ်မတော်အရာရှိများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသားများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ကြရောက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုး‌ဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှပေးပို့သည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့ကြောင်း သတင်းရရှိသည်။