Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂) ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၅

====================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၄) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၂)အား Online Zoom Meeting System  ဖြင့် ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကိုဗစ်-၁၉ ရောဂါ အသွင်ပြောင်း အိုမီခရွန်သည် ယခင်က ပြည်ပပြန်များတွင်သာ တွေ့ရှိရပြီး ယခုအခါ ပြည်တွင်းကူးစက်မှုတွေ့ရှိ ဖြစ်ပွားလျက်ရှိကြောင်း၊ မိမိတို့ ပဲခူးတိုင်းဒေသကြီးအတွင်းမှာလည်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းများအတိုင်း လိုက်နာသွားရန်၊ အဓိကအားဖြင့် လူစုလူဝေးဖြစ်သည့် စက်ရုံများ လိုက်နာမှု ရှိ/မရှိ ကြပ်မတ်စစ်ဆေးရန်၊ ဈေးများ၊ ဘဏ်များ၊ လျှပ်စစ်မီတာဆောင်သည့်နေရာများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးစုရပ်များ၌ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/မရှိ စစ်ဆေးရန်နှင့် လိုအပ်ပါက နေရာများခွဲ၍ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်း၊ တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နည်းလမ်းပေါင်းစုံဖြင့် ကြပ်ကြပ်မတ်မတ် ထိန်းချုပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ Community Based Facility Quarantine (CBFQ)  ဆောင်ရွက် မည့်နေရာများ အသင့်ဖြစ်စေရေး ဆောင်ရွက်ထားရန်လိုအပ်သလို စေတနာ့ဝန်ထမ်းများကိုလည်း ကြိုတင်စုစည်းထားရမည်ဖြစ် ကြောင်းနှင့် တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှု ရာနှုန်းပြည့် လွှမ်းခြုံမှုရှိစေရေး  ကာကွယ်ဆေးထိုး လုပ်ငန်းများ ပိုမိုကြိုးစား ဆောင်ရွက်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီး ဌာနမှူး ဒေါက်တာသီဟက တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ရောဂါ စစ်ဆေးမှု၊ တွေ့ရှိမှုနှင့် ကာကွယ်ရေးလုပ်ငန်းစဉ်များကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းစဉ်များနှင့် ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကိုလည်းကောင်း တင်ပြခဲ့ကြရာ တိုင်းဒေသကြီးကော်မတီဝင်များက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ အကြံပြုဆွေးနွေး တင်ပြချက်များပေါ် တို်ငးဒေသကြီး ဝန်ကြီးချုပ်က လိုအပ် သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ သည်။

          အစည်းအဝေးသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အတွင်းရေးမှူး၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။