ပဲခူး ဖေဖော်ဝါရီ ၁၈
====================

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၁၈) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)အား Online Zoom Meeting System ဖြင့် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့ တိုင်းဒေသကြီး၌ အိုမီခရွန်ရောဂါပိုး စတင်ဝင်ရောက်လျက်ရှိပြီး ကိုဗစ်(၁၉)ရောဂါပိုး တွေ့ရှိမှုများ အနည်းငယ်မြှင့်တက်လာပြီဖြစ်၍ ကာကွယ်ဆေးထိုးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ရန်လိုအပ် သလို ရပ်ကွက်/ကျေးရွာများရှိ ပြည်သူတစ်ဦးချင်အလိုက် ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ သွားလာနေထိုင်နိုင်ရေး အသိပညာပေးခြင်းများ စဉ်ဆက်မပြတ် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဆေးရုံများတွင် ကိုဗစ်(၁၉) နှင့်ပတ်သက်၍ ပြန်လည်ဖြေကြားပေးနိုင်ရေး HotLine နံပါတ်များ မကြာမီရရှိမည်ဖြစ်၍ ပြည်သူများ သိရှိဆက်သွယ်နိုင်ရေး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း၊ စာသင်ကျောင်းများမှလွှဲ၍ ကျန်သည့် ဘာသာရေးအဆောက်အဦများ၊ အားကစားခန်းမများ၊ မြို့တော် ခန်းမများ၊ သင်တန်းဆောင်များနှင့် Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine (CBFQ) များ အသင့်ဖြစ်နိုင်ရေး စီစဉ်ဆောင်ရွက်ထားရန်၊ နေရပ်ပြန်မြန်မာနိုင်ငံသား များအား ကိုဗစ်(၁၉)ရောဂါ စစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရန်၊ လူအစုအလိုက် အပြုံလိုက် ရောဂါပိုးကူးစက်နိုင်သည့် နေရာများအား ကိုဗစ်(၁၉)စည်းကမ်းချက်နှင့်အညီ ဆောင်ရွက်မှုရှိ/မရှိ စစ်ဆေးသွားရန်နှင့် ကိုဗစ်(၁၉)နှင့် ပတ်သက်၍ စာရင်းဇယား အချက်အလက်များ မှန်မှန်ကန်ကန် စနစ်တကျ ပြုစုထားရှိရန် ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် ကိုဗစ်(၁၉)ရောဂါတွေ့ရှိမှု နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုက တပ်ရင်းတပ်ဖွဲ့များရှိ Covid ကုသရေးစင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှုနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တည်ဆောက်ပေးထားသည့် အမှတ်(၃)စစ်မြေပြင် ဆေးတပ်ရင်းရှိ Oxygen Plant အား အသင့်အနေအထား ဆောင်ရွက်ထားမှု အခြေအနေကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ကော်မတီအဖွဲ့ဝင်များက ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စေတနာ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ မော်တော်ယာဉ်များ စုဖွဲ့ထားရှိရန်နှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး အကြံပြုချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့ပေါ်ရှိ Covid ကုသရေး စင်တာနှင့် Community Based Facility Quarantine (CBFQ) များ ပြင်ဆင်ထားရှိမှု၊ Oxygen Plant လည်ပတ်နေမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအား ထောက်ပံ့ငွေ၊ ကြက်ဥနှင့် အချိုရည်များ ထောက်ပံ့ပေးခဲ့ကြောင်း သတင်း ရရှိသည်။
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ Bago Region Government – Official Website