Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်

ပဲခူး ဖေဖော်ဝါရီ ၆

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ကောင်စီဝင်များနှင့်အတူ ဖေဖော်ဝါရီလ(၆) ရက်နေ့၊ နံနက်(၉)နာရီအချိန်က မြို့မစာသင်တိုက် ဆရာတော်နှင့် ကြခတ်ဝိုင်း စာသင်တိုက်ဆရာတော်ထံသို့ သွားရောက်ဖူးမြော်ကန်တော့ခဲ့ကြသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ မြို့မစာသင်တိုက်သို့ သွားရောက်၍ မြို့မစာသင်တိုက် ပဓာနနာယက၊ နိုင်ငံတော်သြဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တဂန္ဓမာအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေးအထောက်အကူပြုပစ္စည်း ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ကြခတ်ဝိုင်းစာသင်တိုက်သို့ သွားရောက်ကာ ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဉေယျဓမ္မာဘိဝံသအား ဖူးမြော်ကန်တော့ပြီး ဆန်၊ ဆီ၊ လှူဖွယ်ခြင်းနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း ဆက်ကပ်လှူဒါန်းခဲ့သည်။

အဆိုပါ ဆရာတော်များထံသို့ သွားရောက်ဖူးမြော်ကန်တော့ရာတွင် ဆက်လက် ဆောင်ရွက် မည့် သာသာနာရေးဆိုင်ရာ ကိစ္စရပ်များ လျှောက်ထားခဲ့ပြီး၊ ဆရာတော်များမှ သြဝါဒကထာ ပြန်လည်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။