Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း ဦးဆောင်၍ တိုင်းဒေသကြီး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

ပဲခူး မတ် ၃

===================

          ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ မတ်လ(၃)ရက်နေ့၊ မွန်းလွဲ(၂)နာရီအချိန်က တိုင်းဒေသကြီး/ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ဥပဒေအမှတ်(၈/၂၀၂၁)ဖြင့် ပဲခူးတိုင်း ဒေသကြီးစည်ပင်သာယာရေးဥပဒေ အခန်း(၃)နှင့် အခန်း(၅)တို့ကို ရုပ်သိမ်းခဲ့ပြီးဖြစ်ကြောင်း၊ ပဲခူး တိုင်းဒေသကြီးစည်ပင်သာယာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီမှ တိုင်းဒေသကြီး/မြို့နယ် စည်ပင်သာယာရေးအဖွဲ့များကို ပြန်လည်ပြင်ဆင် ဖွဲ့စည်းပေးထားပြီးဖြစ်၍ စည်ပင်သာယာရေးလုပ်ငန်းများကို ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ အခက်အခဲများရှိပါကလည်း အချိန်နှင့်တစ်ပြေးညီ တင်ပြ ပေးရန်လိုအပ်ပြီး ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်အတွက် စီမံကိန်းများ ဆောင်ရွက်ရာတွင် ပြည်သူ့ဘဏ္ဍာငွေများ အလေအလွင့်မရှိစေရန်နှင့် အလွဲသုံးစားမှု မဖြစ်ပေါ်စေရေး အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက်သွားရန်၊ မိုးရာသီမရောက်မီမရောက်ပီ ပွင့်လင်းရာသီအတွင်း စည်ပင်သာယာရေး လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး ဆောင်ရွက်သွားရန် လိုအပ်ကြောင်းနှင့် ဝန်ထမ်းများအနေဖြင့် ထုတ်ပြန်ထားသော နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥပဒေနှင့်အညီ တာဝန်ကျေပွန်စွာ လိုက်နာ ဆောင်ရွက်သွားရန် လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၂)နှင့် အတွင်းရေးမှူး တို့က ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များ သုံးသပ်ခြင်းနှင့် စံချိန်းစံညွှန်းများနှင့်အညီ သတ်မှတ်အချိန်ကာလအတွင်း စည်ပင်သာယာရေးလုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး အကြံပြုဆွေးနွေးခဲ့ကြပြီး၊ တက်ရောက်လာသည့် တိုင်းဒေသကြီးစည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်(၂၈)မြို့နယ်ရှိ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိများက မြို့နယ်အလိုက် ပစ္စည်းတင်ဒါနှင့် လုပ်ငန်းတင်ဒါခေါ်ယူပြီးစီးမှု၊ တင်ဒါ အောင်ကုမ္ပဏီများနှင့် စည်ပင်သာယာရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် စျေးများဖွင့်လှစ်ထားရှိမှု အခြေအနေ၊ အခွန်ရရှိမှု အခြေအနေများအား တင်ပြခဲ့ရာ၊ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းမှ လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်းသိရှိရသည်။

          အစည်းအဝေးသို့ ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်း၊ ကောင်စီဝင်(၂)၊ အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။