Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ပဲခူး မေ ၃၁

=======================

      ပဲခူးမြို့ ဟင်္သာလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် မေလ(၃၁) ရက်နေ့ ညနေ(၃:၃၀) နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်သည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီဝင်များ၊ ပဲခူးတိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုးအောင်နှင့် တိုင်းဒေသကြီး/ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြိုင်ပွဲကျင်းပရေး ကော်မတီဝင်များ တက်ရောက်ကြပြီး နောက်ဆုံးဗိုလ်လုပွဲအဖြစ် ပဲခူးခရိုင်အသင်းနှင့် သာယာဝတီ ခရိုင်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေးရာ ပဲခူးခရိုင်အသင်းက(၂:၁)ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့သည်။

     ထို့နောက် ညနေ(၅:၃၀)နာရီအချိန်တွင် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်း ဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲတွင် ဒုတိယရရှိသော သာယာဝတီခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်ကို ပဲခူးတိုင်းဒေသကြီးစီမံအုပ်‌ချုပ်ရေးကောင်စီ အတွင်းရေးမှူးမှလည်းကောင်း၊ ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့ကို အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးမှလည်း ကောင်း၊ ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အားကစားသမားဆု ရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သောင်းကျပ်စီကို ကောင်စီအဖွဲ့ဝင် (၂) နှင့် ကောင်စီအဖွဲ့ဝင်(၃)တို့ကလည်းကောင်း ပေးအပ်ချီးမြှင့်ကြသည်။

      ယင်းနောက် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက် (၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသော ပဲခူးခရိုင်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်အား ကောင်စီအဖွဲ့ဝင်(၁)မှလည်းကောင်း၊ တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၅)သိန်းကျပ် တို့ကို ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမျိုးဆွေဝင်းကလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

      ၂၀၂၁ ခုနှစ် ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌဖလား (၄)ခရိုင် အသက်(၂၁)နှစ် အောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ စသည့်ခရိုင်(၄)ခရိုင်မှ ခရိုင်ကိုယ်စားပြု ဘောလုံးအသင်း(၄)သင်း ပါဝင်ပြီး မေလ(၂၆)ရက်နေ့မှ (၃၁)ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်‌‌ကြောင်း သတင်းရရှိသည်။