Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇွန် ၂၈

—————————

         ပဲခူးမြို့ ရွှေမော်ဘုရားလမ်းရှိ ဟံသာဝတီယူနိုက်တက် ဘောလုံးအားကစားကွင်းတွင် ဇွန်လ(၂၈) ရက်နေ့ ညနေ(၃)နာရီအချိန်က ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

      ရှေးဦးစွာ ပဲခူးခရိုင်အသင်းနှင့် သာယာဝတီခရိုင်အသင်းတို့ ဗိုလ်လုပွဲအဖြစ်ယှဉ်ပြိုင်ကစားနေမှု ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းနှင့် ကောင်စီအဖွဲ့ဝင်များ၊ အမှတ်(၇၇)‌ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူးနှင့် ဌာနဆိုင်ရာများ၊ ဘောလုံးအားကစား စိတ်ပါဝင်စားသူ များမှ ကြည့်ရှုအားပေးကြရာ ပဲခူးခရိုင်အသင်းက သာယာဝတီခရိုင်အသင်းအား (၄:၃) ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။

      ထို့နောက် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ဒုတိယဆုရရှိသော သာယာဝတီခရိုင် အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့ကို ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၃) ဦးတင်သိန်းကလည်းကောင်း၊ ဂိုး၊ နောက်တန်း၊ အလယ်တန်း၊ ရှေ့တန်းနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအားကစားသမားဆု ရရှိကြသည့် အားကစားသမား များအား ဆုတံဆိပ်နှင့် ငွေသားဆု(၅)သောင်းကျပ်စီကို ကောင်စီအဖွဲ့ဝင်(၂) ဦးတင်ဦး ကလည်းကောင်း၊ ပထမဆုရရှိသည့် ပဲခူးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို ကောင်စီအဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး လှမျိုးရွှေကလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြ သည်။

    ယင်းနောက် ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမျိုးဆွေဝင်းက ပွဲစဉ်အစမှ အဆုံးတိုင် ကူညီဆောင်ရွက်ပေးသည့် ပဲခူးမြို့နယ်ကြက်ခြေနီတပ်ဖွဲ့အား ချီးမြှင့်ငွေကျပ်(၂)သိန်းနှင့် ပထမဆုရရှိသည့် ပဲခူးခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၅)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

      အဆိုပါ ပဲခူးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဖလား (၄)ခရိုင် အသက်(၂၅)နှစ် အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ပဲခူးမြို့ဟံသာဝတီယူနိုက်တက်ဘောလုံးအားကစားကွင်း၌ ဇွန်လ(၂၂)ရက်နေ့ (၂၈)ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူး၊ တောင်ငူ၊ ပြည်၊ သာယာဝတီ ခရိုင်ကိုယ်စားပြု အသင်း(၄)သင်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။