Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်

ပဲခူး ဖေဖော်ဝါရီ ၂၂

===================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဖေဖော်ဝါရီလ(၂၂) ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ(၁/၂၀၂၂) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြု လုပ်သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တို်ငးဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနနှင့် ပူးပေါင်းကာ ဇန်နဝါရီလအတွင်း ပျူမြို့ဟောင်း ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရေး အပျော်တမ်းစက်ဘီးစီးပွဲတော်အား အားကစားသမား(၃၅၀)ဦး ကျော်ဖြင့် တည်ငြိမ်အေးချမ်း စည်းကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရေး သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ၊ ဒေသအခြေပြု ခရီးသွားလုပ်ငန်းနှင့် လူထုအခြေပြုခရီးသွားလုပ်ငန်းသစ်များ ဖော်ထုတ်ဆောင် ရွက်သွားနိုင်ရေး ကြိုးစားလျက်ရှိကြောင်း၊ ဒေသတွင်း ခရီးသွားလု်ပငန်း ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့် အတူ ဟိုတယ်လုပ်ငန်းများ၊ စားသောက်ကုန်လုပ်ငန်းများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများနှင့် အခြား ဝန်ဆောင်မှုလုပ်ငန်းများလည်း တစ်ပြိုင်တည်းဖွံ့ဖြိုးတိုးတက်လာပြီး အလုပ်အကိုင်အခွင့်အလမ်း များလည်း ပိုမိုရရှိလာ နိုင်မည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးအတွင်း ဟိုတယ်လုပ်ငန်းရှင်များ၊ ဧည့်လမ်းညွှန်များနှင့် ဟိုတယ်ဝန်ဆောင်မှု ဝန်ထမ်းများ(၉၅) ရာခိုင်နှုန်းကျော် ကိုဗစ်(၁၉)ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီးဖြစ်သော်လည်း ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်(၁၉)ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီသာ ဖွင့်လှစ်ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက် သွားရန်နှင့် ကိုဗစ်(၁၉)ရောဂါ ကာလအလွန် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသများ သန့်ရှင်းသပ်ရပ်စေရေး၊ လမ်းညွှန်ဆိုင်းဘုတ် များစနစ်တကျ တပ်ဆင်ထားနိုင်ရန် နှင့်Public Toilet များ နိုင်ငံတကာအဆင့်မီ မြှင့်တင်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက တည်းခိုရိပ်သာ (၇)ခု သက်တမ်း တိုးခြင်းနှင့် ဟိုတယ်လုပ်ငန်းသို့ အဆင့်မြှင့်တင်ခြင်း(၁)ခုတို့အား ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် ဒေသဆိုင်ရာခရီးသွား လုပ်ငန်းကော်မတီ အဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဥပဒေနှင့်အညီ ဆုံးဖြတ်ဆောင် ရွက် ပေးခဲ့ကြောင်းသိရှိရသည်။

          ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီက ဟိုတယ်/တည်းခိုရိပ်သာ (၈၈)ခုနှင့် အခန်းပေါင်း(၂၂၇၂)ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်/တည်းခိုရိပ်သာ(၈၈)လုံးနှင့် အခန်းပေါင်း (၂၅၉၉)ခန်းရှိခဲ့ပြီးဖြစ်သဖြင့် ဟိုတယ်/ တည်းခိုရိပ်သာ(၁၁)ခုနှင့် အခန်းပေါင်း(၃၂၇)ခန်း ပိုမိုတိုးတက် လာကြောင်း သတင်းရရှိသည်။