Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၄

==================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဩဂုတ်လ(၄) ရက်နေ့၊ နံနက်ပိုင်းက ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် အဘိုး/အဘွားများနှင့် သံဃာတော်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)သို့ ရောက်ရှိခဲ့ပြီး သတ်မှတ်အုပ်စု(၁၂)စုအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမှုကို ကြည့်ရှုအားပေးခဲ့ပြီး  စေတနာ့ဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း၊ PPE Level(1)(၅၀)စုံ၊ Mask(၅၀)ဘူး၊ Hand Gel(၅၀)ဘူး၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် (၅)သိန်းနှင့်  အသင့်သောက် မြန်မာ့ရိုးရာလက်ဖက်ရည်ထုတ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ညောင်လေးပင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီးနောက် မြို့နယ်အဆင့် တာဝန်ရှိသူ များနှင့်တွေ့ဆုံ၍ သံဃာတော်များ၊ သီလရှင်များ ကာကွယ်ဆေး ထိုးနှံပေးရာတွင် သီးခြားကျောင်းတိုက်၌ စုရပ်လုပ်၍ ထိုးနှံပေးရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံသည့်နေရာများတွင် လုံခြုံရေး အထူးဂရုပြုဆောင်ရွက်ရန်၊ ညောင်လေးပင်ဆေးရုံဝန်းအတွင်း Oxygen Plant တပ်ဆင်ပေးမည်ဖြစ်၍ မြေနေရာသတ်မှတ်ထားရန်နှင့် အောက်စီဂျင်လိုအပ်ချက်များအပေါ် အချိန်မီရရှိနိုင်ရေး ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တိုက်ရိုက်ချိတ်ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရမည့်သတ်မှတ်အုပ်စု (၁၂)စုမှ အကျုံးဝင်မည့်သူများသိရှိစေရန်အတွက် ရပ်ကွက်/ကျေးရွာများအထိ ကျယ်ကျယ်ပြန့်ပြန့် အသိပေးဆောင်ရွက်သွားရန်၊ ရပ်ကွက်အတွင်း သေဆုံးသွားသောသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပြီး  ပိုးတွေ့ရှိပါက သေဆုံးသူနှင့် ထိတွေ့ခဲ့သော Connect Person များအား ဆက်လက်ရှာဖွေ စစ်ဆေးသကဲ့သို့ ရပ်ကွက်/ ကျေးရွာများအတွင်း ဖျားနာနေသူများရှိရာသို့ Mobile Swab Van ဖြင့် သွားရောက်စစ်ဆေးပြီး ပိုးတွေ့လူနာများအား ဆေးရုံတက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ရန်၊ သေဆုံးလူနာများအား ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားချက်များ အတိုင်း သင်္ဂြိုလ်နိုင်ရေး Death Body Bag  များ ဝယ်ယူထားရန်၊ စေတနာ့ဝန်ထမ်းနှင့် ပရဟိတအဖွဲ့များ အတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ လိုအပ်မှုမရှိစေရေး အချိန်မီဖြည့်ဆည်းပေးရန်နှင့် လူစည်ကားရာ ဈေးများအား အနည်းဆုံး(၆) ပေခြား၍ ကွင်းပြင်များ၌ ယာယီဈေး သတ်မှတ်ရောင်းချ ရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။

          ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ စက်မှုလယ်ယာရုံးရှိ နေရပ်ပြန်မြန်မာနိုင်ငံသားများ လက်ခံရေးစခန်းသို့ ရောက်ရှိခဲ့ရာ ထိုင်းနိုင်ငံမှ နေရပ်ပြန်လာသူများ ကျန်းမာရေး၊ တည်ခိုနေထိုင်ရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အား စီစဉ်ဆောင်ရွက် ပေးခဲ့ပြီး စေတနာ့ဝန်ထမ်းများအား အားပေးစကားပြောကြားကာ အသင့်သောက် မြန်မာ့ရိုးရာ လက်ဖက်ရည်ထုတ်များအား ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပဲခူးမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး (၃၉)မိုင်အနီး ဘောနတ်ကြီး-ဘုရားကြီးသွားလမ်းပေါ်၌ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် ဆောက်လုပ်မည့်နေရာ မြေညှိခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အချိန်မီပြီးစီးရေး နှင့် သတ်မှတ်ချက်များအတိုင်း ဆောက်လုပ်ရန် လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပဲခူးမြို့ ကလိဆေးရုံ၌ တည်ဆောက်လျက်ရှိသည့် Oxygen Plant စက်အသစ်အား သွားရောက်ကြည့်ခဲ့ရာ ဩဂုတ်လ(၅)ရက်နေ့ အောက်စီဂျင်ထုတ်လုပ်နိုင် ရေးနှင့် မီးဘေးအန္တရာယ်ကင်းရှင်းစေရေး လမ်းညွှန်မှာကြားခဲ့သည်။

          ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဦးဆောင်မှုဖြင့် ပဲခူးမြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး တွင် Oxygen Plant အသစ်(၁)လုံး၊ ကလိဆေးရုံတွင်  Oxygen Plant (၁)လုံးနှင့် ထပ်မံ၍ မြို့နယ်များ အတွက် Oxygen Plant စက်အသစ်(၁၁)လုံး မှာယူထားပြီးဖြစ်၍ ဩဂုတ်လအတွင်း အပြီးတပ်ဆင် နိုင်ရေး စီစဉ်လျက်ရှိကြောင်း သတင်းရရှိသည်။