Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ပဲခူး ဩဂုတ် ၆

ပဲခူးမြို့၊ ဟံသာဝတီယူနိုက်တက်ဘောလုံးကွင်း၌ ဩဂုတ်လ(၅)ရက်နေ့ ညနေပိုင်းက ၂၀၂၄ ခုနှစ် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ရှေးဦးစွာ တောင်ငူခရိုင်‌အမျိုးသမီးဘောလုံးအသင်းနှင့် ညောင်လေးပင်ခရိုင်အမျိုးသမီးဘောလုံး အသင်းတို့ ဗိုလ်လုပွဲယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင် များက ကြည့်ရှု့အားပေးခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းပပြုလုပ်ရာ ပွဲစဉ်တစ်လျောက်နေရာအလိုက် အကောင်းဆုံးဆုရရှိသူ များနှင့် အကောင်းဆုံး အားကစားသမားဆုရရှိသူတို့အား တိုင်းရင်းသားရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးတို့က ဆုတံဆိပ်များနှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် တတိယဆုရရှိသော ပြည်ခရိုင် အမျိုးသမီးဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တောင်ငူခရိုင် အမျိုးသမီးဘောလုံးအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လူမှုရေးရာ ဝန်ကြီးနှင့် သယံဇာတရေးရာဝန်ကြီးတို့ကလည်းကောင်း၊ ပထမဆုရရှိသော ညောင်လေးပင်ခရိုင် အမျိုး သမီးဘောလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်များကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက လည်း ကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပထမရရှိသော ညောင်လေးပင်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ပထမတံခွန်စိုက်ဆုဖလားနှင့် ငွေသားဆု(၁၀)သိန်းကျပ်တို့အား ပေးအပ်ချီးမြှင့်ပြီး မှတ်တမ်းတင်ဓာတ်ပုံ စုပေါင်းရိုက်ကူးကြသည်။

အဆိုပါ ၂၀၂၄ ခုနှစ်၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၆)ခရိုင်နှင့် တက္ကသိုလ်များ အသက်(၂၀)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲအား ဇူလိုင်လ(၂၉)ရက်နေ့မှ ဩဂုတ်လ(၅)ရက်နေ့ အထိ ခရိုင်(၆)ခရိုင် ကိုယ်စားပြုဘောလုံးအသင်း(၆)သင်း၊ ပဲခူး၊ပြည်၊တောင်ငူတက္ကသိုလ်များကိုယ်စားပြု ဘောလုံးအသင်း(၃)သင်း၊ စုစုပေါင်းဘောလုံးအသင်း (၉)သင်းပါဝင်ကာ အုပ်စု(၃)အုပ်စုခွဲ၍ ပတ်လည် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သတင်းရရှိသည်။