Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့နယ်ရှိ မိုးယွန်းကြီးအင်းအတွင်းသို့ တိုင်းရင်းငါးမျိုး များ စိုက်ထည့်ပေး

ပဲခူး အောက်တိုဘာ ၅

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက် တို့သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ၎င်းတို့၏ ဇနီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့နယ် မိုးယွန်းကြီးအင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

          ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဇနီး ဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများတို့သည် မိုးယွန်းကြီးအင်း(ဘေးမဲ့တော)အတွင်းသို့  ဒေသငါးမျိုးများဖြစ်သော ၂ လက်မအရွယ်ရှိ ငါးပြေမငါး ကောင်ရေ(၅)သောင်း၊ ငါးခုံးမငါးကောင်ရေ(၁)သိန်း၊ ငါးဖားမကောင်ရေ(၁)သိန်း ငါးရံ့ငါးကောင်ရေ(၅) သောင်း၊ ငါးကျည်းငါးကောင်ရေ(၅)သောင်း စုစုပေါင်း ငါးကောင်ရေ(၃.၅)သိန်း ငါးမျိုးစိုက်ထည့်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။