Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

ပြည် အောက်တိုဘာ ၉

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ အောက်တိုဘာလ(၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်မြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုသည်။

          ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ငါးရွာကျေးရွာအုပ်စု၊ တောင်သူ ဦးနေအောင်၏ ဗီယက်နမ်မျိုး မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်း ရိတ်သိမ်းနေမှုအား ကွင်းဆင်း ကြည့်ရှုအားပေးခဲ့ရာ တစ်ဧကလျှင် အစိုတင်း(၁၆၉.၆၂)တင်း ထွက်ရှိခဲ့သည်။ ၎င်းနောက် ရေသွင်းစိုက်ပျိုး သည့် လယ်မြေများအတွက် ရေပေးမြောင်းများ ပြန်လည် အဆင့်မြှင့်တင်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့၊ မှော်ဇာကျေးရွာ၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ သည်။ ၎င်းနောက် မှော်ဇာကျေးရွာရှိ မွေးမြူရေးလုပ်ငန်းရှင် ဦးတင်ထွန်းအောင်၏ ဒေသကြက်ကောင်ရေ (၁)သောင်း မွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစာပြုလုပ်ကျွေးမွေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင် စာရင်း ကောက်ယူနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးနှင့် စာရင်းကောက်ကွက်များအလိုက် တာဝန်ထမ်းဆောင်နေ သည့် ဝန်ထမ်းများအတွက် စားသောက်ရေးစနစ် အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေမှုနှင့် ခေတ္တရာပန်းခြံ ဘက်စုံအဆင့် မြှင့်တင်ပေးနိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာ ကြားခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်မြို့၊ ရွာဘဲရပ်ကွက်၌ ဒေသခံလူငယ် များ ကျန်းမာကြံ့ခိုင်စေရေးနှင့် အားကစားကဏ္ဍပိုမိုစိတ်ဝင်စားလာစေရေး ဖူဆယ်ကွင်းတည်ဆောက်နေမှု အား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဖူဆယ်ကွင်းရေရှည်စဉ်ဆက်မပြတ် ထိန်းသိမ်းစောင့်ရှောက်နိုင်ရန် အတွက် ကော်မတီဖွဲ့စည်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရွှေဝါထွန်း ကောက်စိုက်စက် ထုတ်လုပ်ရေးအလုပ်ရုံသို့ ရောက်ရှိခဲ့ပြီး ကောက်စိုက်စက် တီထွင်ထုတ်လုပ် နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

             ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းက ပြည်မြို့၊ တည်ဆောက်ရေး(၂) အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်သည့် ပြည်မြို့နယ်အတွင်း ရေဘေးသင့်ပြည်သူများအတွက် အာဆီယံအပေါင်းသုံး အရေးပေါ်ဆန် အရန်ရိက္ခာ (APTERR) အစီအစဉ်(၃)အရ ကိုရီးယားနိုင်ငံမှ လှူဒါန်းသော ဆန်အိတ်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ပြီး အာဆီယံအပေါင်းသုံး အရေးပေါ်အရန်ဆန် ရိက္ခာဆိုသည်မှာ အာဆီယံ(၁၀)နိုင်ငံနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုးရီးယားနိုင်ငံများ အတွင်း သဘာဝဘေးအန္တရာယ်တစ်ခုခု ကျရောက်လာပါက အရေးပေါ်အခြေအနေတွင် အရန်ဆန်များ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အဆိုပါအဖွဲ့တွင် အဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်သည့်အတွက် ဇူလိုင်လနှင့် ဩဂုတ်လများတွင် မိုးသည်ထန်စွာရွာသွန်းခဲ့သဖြင့် ရေဘေးသင့်ခဲ့သည့်ပြည်မြို့နယ်မှ ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၃)စုရှိ အိမ်ထောင်စု(၆၈၀)၊ လူဦးရေ(၂၇၁၉)ဦးအတွက် ဆန်အိတ်ပေါင်း(၂၄၈)အိတ်အား သိုလှောင်ဆန်များအား အကူအညီအထောက်အပံ့အဖြစ် ဖြန့်ဝေခြင်း အစီအစဉ်အရ ထောက်ပံ့ပေးခြင်းဖြစ် ကြောင်း ပြောကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်မြို့နယ်အတွင်း ရေကြီးနစ်မြှုပ်ခဲ့ သည့် ရပ်ကွက်(၂)ခုအတွက် ဆန်အိတ်များကိုလည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်ဆွေ နှင့် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကျော်ထွဋ်တို့က ရေကြီးနစ်မြှုပ်ခဲ့သည့် ကျေးရွာအုပ်စုများ အတွက်လည်းကောင်း ဆန်အိတ်များ အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် ဆန်အိတ်များ ထောက်ပံ့ပေးအပ်မှုအပေါ် ရေဘေးသင့်ပြည်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ရေဘေးသင့်ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ပြီး ကိုရီးယားနိုင်ငံမှ လှူဒါန်းသည့် ဆန်အိမ်များအား လှည်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။