Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၁၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ ယမန်နေ့၊ နံနက်ပိုင်းက ပန်းတောင်းမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် နှစ်စဉ် ဧရာဝတီမြစ်ရေကျော်သည့်နေရာ

ပန်းတောင်း – ဒေါင်းမြတ်နားလမ်း ရေကျော်ပျက်စီးနေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းပိုင်း အလိုက် ရေထွက်ပေါက်များ ကောင်းမွန်မှုရှိစေရေး စစ်ဆေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန် မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့၊ ဝန်သိုရပ်ကွက်အတွင်း ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနေမှုအား သွားရောက်ကြည့်ရှုအားပေး ခဲ့သည်။ ၎င်းနောက် ဦးစိုးမင်း၏ “သဘာဝအရသာ” သစ်သီးယိုမျိုးစုံ ထုတ်လုပ်ရောင်းချနေမှုအား ကြည့်ရှု အားပေးခဲ့ပြီး ထုတ်ပိုးမှုစနစ်များ အဆင့်မြှင့်သွားရန်၊ သဘာဝသစ်သီးအရသာ ယိုမျိုးစုံအပြင် ဂျယ်လီနှင့် ဖျော်ရည်တို့လည်း ထပ်မံတိုးချဲ့ထုတ်လုပ်နိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပန်းတောင်းမြို့၊ မြို့မစာကြည့်တိုက်သို့ သွားရောက် ၍ စာကြည့်တိုက်အတွင်း စာပေလာရောက်ဖတ်ရှုလေ့လာသူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေး စကားပြောကြားခဲ့ကာ ကလေးလူငယ်များ ယဉ်ကျေးလိမ္မာရှိစေရေးနှင့် တိုင်းဒေသကြီးအတွင်း စာဖတ်ရှိန် မြှင့်တင်ပေးနိုင်ရေးအတွက် ကျေးရွာတစ်ခုလျှင် စာကြည့်တိုက်(၁)ခု ဖွင့်လှစ်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ငွေကျပ်သိန်း(၃၀)တန်ဖိုးရှိ သုတ/ရသ စာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ နတ်မောက် ကျေးရွာအုပ်စု၊ ရေဝင်ကျေးရွာ၌ ယခင်မိုးသီးနှံ(၁)သီး သာစိုက်ပျိုးခဲ့သည် တောင်စောင်းနေရာများတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်လမ်းညွှန်ပံ့ပိုးပေးမှု၊ စိုက်ပျိုးရေးဦးစီးဌာန၏ ပညာပေးမှုတို့ဖြင့် တစ်မိုး (၂)သီးစိုက် မြေပဲ+ပဲစဉ်းငုံ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူ များနှင့်တွေ့ဆုံ၍ ဆောင်းသီးနှံအဖြစ် မတ်ပဲထပ်မံစိုက်ပျိုးနိုင်ရေး၊ ဒေသကြက်မွေးမြူနိုင်ရေး၊ ဒေသဆိတ် မွေးမြူနိုင်ရေး၊ ကျေးရွာလမ်းများတွင် အရိပ်ရစားသုံးနိုင်သည့် သီးပင်စားပင်များ စိုက်ပျိုးသွားရန် တာဝန်ရှိ သူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။