Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံအားပေး

အောက်တိုဘာ ၁၈


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အောက်တိုဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆) သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်၊ ပင်မထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းမှူး ဗိုလ်မှူးကြီး တင်မောင်လွင်၊ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ထွဋ်တို့နှင့်အတူ ပြည်သူ့စစ်မှုထမ်းဥပဒေဖြင့် စစ်မှုထမ်းမည့် အပတ်စဉ်(၆)သင်တန်းသားများအား သင်တန်းသားအိပ်ဆောင်များသို့ သွားရောက်တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သင်တန်းသားစားရိပ်သာတွင် သင်တန်းသားတစ်ဦးချင်းအတွက် စားသောက်မည့် နမူနာပုံစံနှင့် ချက်ပြုတ်ထားရှိမှုအား ကြည့်ရှု စစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးဖြည့်ဆည်းပေးခဲ့သည်။ ယင်းနောက် သင်တန်းသားများ ခရီးစဉ် တစ်လျှောက်လိုအပ်သော အသင့်စားခေါက်ဆွဲခြောက်များ၊ ငါးပိထောင်းဗူးများ ထပ်မံထောက်ပံ့ပေး ခဲ့ကြောင်း သတင်းရရှိ သည်။