Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်မြို့၌ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်မြို့၌ အကြိမ်(၄၀)မြောက် ဆွမ်းဆန်တော် လောင်းလှူပွဲ ကျင်းပပြုလုပ်

ပြည် အောက်တိုဘာ ၅

=======================

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၅) ရက်နေ့ နံနက်ပိုင်းက ပြည်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်ကြီး၌ ပြည်ခရိုင်အတွင်း မြို့နယ်များရှိ ဘုန်းတော်ကြီးကျောင်းများနှင့် သီလရှင် ကျောင်းများအား ဆွမ်းဆန်တော် လောင်းလှူပွဲ အခမ်းအနားသို့ တက်ရောက်လောင်းလှူခဲ့သည်။

          ရှေးဦးစွာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆိုဘုရားကန့်၍ အခမ်းအနားအား ဖွင့်လှစ်ပေးခဲ့ပြီး ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက် အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်အပေါင်းတို့က (၉)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက သာသနာရေးဆိုင်ရာကိစ္စရပ်များ လျှောက်ထားခဲ့ပြီး ပြည်ဆန်လှူရှင်အသင်းကြီး၏ ဥက္ကဋ္ဌ ဦးမြင့်ဦးက သာသနာရေးဆိုင်ရာလုပ်ငန်း ဆောင်မှုများကြား လျှောက်ထားခဲ့ကာ ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်များက ဩဝါဒါစရိယ ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ၎င်းနောက် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးခဲ့ကြသည်။

          ယင်းနောက် ပြည်မြို့၊ ဆံတော်ရပ်ကွက်၊ မဟာသုဒဿနာရာမပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် ဆရာတော် အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ အဂ္ဂမဟာမဏ္ဍိတ ဘဒ္ဒန္တသေဋ္ဌိလထံမှ လှူဒါန်းမှုအစုစုအတွက် အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီး သေသနာဝေပုလ္လကာရီသီလရှင် ဆရာလေးများက ဆုတောင်းမေတ္တာပို့သခဲ့ကာ အခမ်းအနားအား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားအား အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

          ဆက်လက်၍ ဆွမ်းဆန်တော်လောင်းလှူပွဲအား ဆက်လက်ကျင်းပပြုလုပ်ရာ ကြွရောက်လာကြ သည့် ဆရာတော်/သံဃာတော်များနှင့် သီလရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ် များက ဆွမ်းဆန်၊ ဆီ၊ ပဲ၊ ဆားနှင့် နဝကမ္မအလှူငွေများ လောင်းလှူပူဇော်ခဲ့ကြောင်း သိရှိရသည်။

          အဆိုပါ ပြည်ခရိုင်အတွင်းရှိ မြို့နယ်(၆)မြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်(၅၁၈)ကျောင်းနှင့် သီလရှင် စာသင်တိုက်(၁၄၉)ကျောင်းတို့အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တပ်မတော်(ကြည်း၊ ရေ၊လေ) မိသားစု ဝင်များ၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဌာနဆိုင်ရာများနှင့် စေတနာရှင် ပြည်သူ များမှစုပေါင်း၍ ဆွမ်းဆန်တော်(၁၄၀၄)အိတ်နှင့်(၁၇)ပြည်၊ ဆီ(၂၈၀)ပိဿာ၊ ပဲ(၆၉၁)ပိဿာ(၅၀) ကျပ်သား၊ ဆား(၁၃၉၈)ပိဿာနှင့် နဝကမ္မအလှူငွေ(၅၄၀၀၀၀ဝိ/-)တို့အား ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြောင်း သတင်းရရှိသည်။