Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်း သားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်း သားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့

သဲကုန်း နိုဝင်ဘာ ၁၁

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ယမန်နေ့၊ မွန်းလွဲပိုင်းက အမှတ်(၆၆)ခြေမြန်တပ်မဌာနချုပ်၊ အစည်းအဝေးခန်းမ၌ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး အဖွဲ့ သင်တန်းသားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်း ရေးအဖွဲ့ သင်တန်းသားများအား ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။

          ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ သင်တန်းသားများအား စားသောက်ဖွယ်ရာများကိုလည်းကောင်း၊ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က အာဟာရ ဖြည့်စွက်စာများကိုလည်းကောင်း၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ပြည်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး စိုးဦးဟန်က စစ်ဝတ်ပစ္စည်းများအားလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် သင်တန်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သတင်းရရှိ သည်။