Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေး

ပြည် နိုဝင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတူ နိုဝင်ဘာလ(၁၇)ရက်နေ့၊ နံနက်ပိုင်းက ပြည်ခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကုန်ထုတ် လုပ်မှု တိုးတက်မြင့်မားရေး ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
ရှေးဦးစွာ တို်ငးဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပြည်မြို့နယ်၊ ဧရာဝတီမြစ်အတွင်း ရွှေဘုံသာရေလမ်းကောင်းမွန်မှုရှိစေရေး သောင်တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ကမ်းထိုး ရေယာဉ်ဖြင့် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ အဆိုပါရေယာဉ်ပေါ်တွင် တိုင်းဒေသကြီးရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ အား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီမြစ်သည် အဓိကကုန်စည်စီးဆင်းရာ ရေလမ်းကြောင်းတစ်ခုဖြစ်ကာ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးနှင့် သတ်မှတ်ရေလမ်း ကြောင်းအတိုင်း သွားလာနိုင်ရေး အသိပေးရန်နှင့် တရားမဝင်ကုန်ပစ္စည်းများ သယ်ယူမှုမရှိစေရေး ကြီးကြပ်စစ်ဆေးဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး သောင်တူးဖော်ယာဉ်သို့ တက်ရောက်၍ သောင်တူးဖော်နေသည့် အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ပြည်မြို့၊ ကမ်းနားလမ်း အဆင့်မြှင့်တင်ထားရှိမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းတောင်းမြို့နယ်၊ ကျွန်းမီးကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်းမြေပဲ ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိရေး တစ်ကွင်း တစ်ဆက်တည်း ဧက(၂၀၀၀)စံပြကွက် စိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ၍ နေကြာနှင့် အစေ့ထုတ်ပြောင်းတို့အား သီးညှပ်ထည့်သွင်းစိုက်ပျိုးသွားရန်နှင့် အခြားမြေလပ် နေရာများတွင် စားဖိုဆောင်သီးနှံများ တိုးချဲ့စိုက်ပျိုးသွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ သည်။ ၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ဆိတ္တဲ-ဂျင်းရဲကျွန်း-ကျွန်းကလေး- ကျွန်းမီးကျေးရွာချင်းဆက်လမ်း (၂)မိုင် အဆင့်မြှင့်တင်ဆောင်ရွက်နေမှုအား မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ပန်းတောင်းမြို့နယ်၊ ရေဝင်ကျေးရွာရှိ တောင်သူ ဦးလှဌေး၏ မိုးစပါးစံပြကွက် (၁၀)ဧက ရိတ်သိမ်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လယ်ကန်သင်းများတွင် ငှက်ပျောပင်များ၊ သီးပင်စားပင်များ စိုက်ပျိုး သွားရန်နှင့် သဘာဝမြေဩအား အချိုးကျသုံးစွဲနိုင်ရေး အသိပညာပေး ပြောကြားခဲ့သည်။ အဆိုပါ မိုးစပါး ရိတ်သိမ်းမှုတွင် တစ်ဧကလျှင် အစိုတင်း(၁၂၉.၁၃)တင်း ထွက်ရှိခဲ့ကြောင်း သတင်းရရှိသည်။