Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် များ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန် များ တိုးတက်မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်

ဝေါ ဒီဇင်ဘာ ၆

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့၊ နံနက်ပိုင်းက ဝေါမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ တိုးတက် မြင့်မားစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာမွေးမြူရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့် ဦးကျော်ကျော် ၏ ဒေသနွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ဒေသနွားများအား မေထုံမဲ့သားစပ်ခြင်းများ ဆောင်ရွက်ပေးရန်၊ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်စိုက်ပျိုးရန်၊ တိရစ္ဆာန်စွန့်ပစ်ပစ္စည်းမှ သဘာဝမြေဩဇာ ထုတ်လုပ်ရန်နှင့် ဒေသဝက်နှင့် ဘဲမွေးမြူရေးလုပ်ငန်းများ တိုးချဲ့မွေးမြူနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင် စွာ မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေသည့် ဦးမင်းမင်းသူ၏ အသားစားကြက်ကောင်ရေ(၆၀၀၀) မွေးမြူ ရေးခြံသို့ သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကြက်သားပေါက်ဈေးနှုန်းမြင့်တက်မှုအား ထိန်းချုပ်နိုင်ရေး ဒေသတွင်း ကြက်သားပေါက်လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားနိုင်ရေးနှင့် ဒေသကြက်အား တစ်ပိုင်တစ်နိုင် မွေးမြူသည့်အဆင့်မှ စီးပွားဖြစ်အဆင့်ထိ တိုးချဲ့မွေးမြူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကျိုက်လှချောင်းဟောင်း တစ်လျှောက် လယ်မြေများ သီးထပ်စွမ်းအားတိုးတက်စေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး နွေစပါးစိုက် ပျိုးနိုင်ရေးအတွက် ချောင်းဟောင်းတစ်လျှောက် ပြန်လည်တူးဖော်နိုင်ရေးနှင့် အကျိုးပြုနိုင်မည့် စိုက်ဧက များ ကွင်းဆင်းစိစစ်တင်ပြရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝေါမြို့နယ်၊ ကျိုက်လှကျေးရွာအုပ်စု၌ တစ်နှစ် (၃)သီးစိုက် တစ်ကွင်းတစ်ဆက်တည်းဧက(၁၅) ပဲမျိုးစုံနှင့် နေကြာစံပြကွက် စိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ ကျိုက်လှကွင်းအတွင်း ကွင်းလုံးပြည့် မြေလပ်မရှိ တစ်နှစ်(၃)သီး စိုက်ပျိုးနိုင်ရေးအတွက် ရေရရှိရေးနည်းလမ်းများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။