ပဲခူး ဒီဇင်ဘာ ၁၈
ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ(၁၈)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဦးဆောင်၍ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၇/၂၀၂၄) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ဒေသတစ်ခုဖြစ်၍ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အရှိန်အဟုန်ဖြင့် ထုတ်ကုန်၂ဆ တိုးတက်အောင်း ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ စံပြမွေးမြူရေးခြံများ၊ မွေးမြူရေးဇုံများဖော်ဆောင် သွားရမှာဖြစ်ကြောင်း၊ ဒေသဝက်၊ ဒေသကြက်၊ ဒေသဘဲနှင့် ဒေသနွားတို့ကိုလည်း ဒေသအစာကျွေးပြီး ခြံလှောင်စနစ်ဖြင့် မွေးမြူသွားရမှာဖြစ်ကြောင်း၊ နှစ်သီးသာစိုက်ပျိုးနိုင်သည့် မြေနေရာများတွင် မဖြစ်မနေ စားဖိုဆောင်သီးနှံ ကြက်သွန်၊ ငရုတ်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးနိုင်ရေး ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ဓါတ်မြေဩဇာသွင်းအားစု လျော့ချသုံးစွဲနိုင်ရန် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး ပဲလွန်းနှင့် ပိုက်ဆံလျှော်စိုက်ပျိုးရမှာဖြစ်ပြီး စိုက်ပျိုးရေ ချွေတာ၍ စနစ်တကျသုံးစွဲနိုင်ရေး သက်ဆိုင်ရ စိုက်ပျိုးရေး လုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်းစိစစ် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ သဘာဝဘေးနှင့် ပတ်သက်၍ ထိခိုက်ပျက်စီးခဲ့သည့် သီးနှံများအတွက် စိုက်ပျိုးထုတ်လုပ်မှု လျော့နည်းမှုမရှိစေရေး ဆောင်း သီးနှံနှင့် နွေစပါး တိုးချဲ့စိုက်ပျိုးမည့် စီမံချက်များအတိုင်း အောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ် ကြောင်းနှင့် အဓိကသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိပြီးသီးနှံများ ဆက်လက်ရရှိရေးနှင့် ထပ်မံ၍ အမယ်သစ်သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးစားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအား Power Point ဖြင့် လည်းကောင်း၊ ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးမှူးများက စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ဆောင်ရွက်သွားမည့် အစီအမံများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းခဲ့သည်။
ယင်းနောက် တင်ပြချက်များနှင့်ပတ်သက်၍ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး၊ သီးထပ်စွမ်းအားနှင့် သီးနှံစိုက်စွမ်းအား တိုးတက်စေရေး၊ ဒေသ အလိုက် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး လိုအပ်သည်များ အသေးစိတ် လမ်းညွှန်မှာကြားခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)