Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပပြုလုပ်

ပဲခူး ဇန်နဝါရီ ၂၅

=============

ပဲခူးမြို့၊ မြို့တော်ခန်းမတွင် ဇန်နဝါရီလ(၂၅)ရက်နေ့ နံနက်ပိုင်းအချိန်က ၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပပြုလုပ်သည်။

       အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်၊ အမှတ်(၇၇)ခြေမြန်တပ်မဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်နှင့် တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမှတ်ပေးဒိုင်များ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ကြပြီး (၅)ယောက်တွဲ ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင်ကစား နေမှုနှင့် (၁)ဦးချင်း၊ (၃)ယောက်တွဲ သရုပ်ပြသခြင်းအား ကြည့်ရှု့အားပေးကြသည်။

ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဥပဒေချုပ်နှင့် အမှတ်(၇၇)ခြေမြန်တပ်မ ဌာနချုပ် ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ဆန်းညွန့်လှိုင်တို့က (၁)ဦးချင်းပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲနှင့် (၅)ယောက်တွဲပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထဆုရရှိကြသော အသင်းများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ တံခွန်စိုက်ဖလားရရှိသော ပဲခူးခရိုင်(က)အသင်းအား တံခွန်စိုက်ဆုဖလားနှင့် ငွေသားကျပ်(၅)သိန်းအား ပေးအပ်ချီးမြှင့်ခဲ့သည်။

၂၀၂၂ခုနှစ်၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၄)ခရိုင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ပြိုင်ပွဲအား ဇန်နဝါရီလ(၂၄)ရက်နေ့ (၂၅)ရက်နေ့အထိ ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၄)ခရိုင်မှ ပြိုင်ပွဲအသင်း(၈)သင်း၊ အားကစား သမား(၈၀)ဦးတို့မှ (၁)ဦးချင်း၊ (၃)ယောက်တွဲ၊ (၅)ယောက်တွဲပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကစား ခဲ့ကြကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့၊ သီရိဟံသာခန်းမ၌ ရုရှားနိုင်ငံထုတ် Sputnik Light (Single Dose) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံသည့် စုရပ်များထပ်မံတိုးချဲ့ ထိုးနှံပေးနိုင်ရေးနှင့် လူစုလူဝေးများ မဖြစ်ပေါ်စေရေး အထူးဂရုစိုက် ဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြား ခဲ့ကာ ကျန်းမာရေးဝန်ထမ်းများအတွက် ငွေကျပ်(၂)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။