Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေး

ပဲခူး မတ် ၁၈

          ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများလိုက်ပါ လျက် ယမန်နေ့ နံနက်ပိုင်းက ဒိုက်ဦးမြို့နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေရေး ကွင်းဆင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဒိုက်ဦးမြို့နယ်၊ ပျဉ်းမလွင်ကျေးရွာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ သီးထပ်စွမ်းအား တိုးတက်လာခြင်းနှင့်အတူ တောင်သူများ ဝင်ငွေ(၂)ဆ တိုးတက်ရရှိစေနိုင်မှာဖြစ်၍ မြေလပ်မရှိ သီးနှံစိုက်ပျိုးသွားရန်၊ ပန်းတိုင်အထွက်နှုန်းရရှိနိုင်သည့် မျိုးကောင်း မျိုးသန့်များ စိုက်ပျိုးသွားရန်၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျစက်မှုလယ်ယာစိုက်ပျိုးနည်းစနစ်သို့ ပြောင်းလဲဆောင်ရွက်ရန် အကျယ်တဝံ့ ရှင်းလင်းပြောကြားခဲ့ပြီး စိုက်ဧကအလိုက် စိုက်ပျိုးရေ လုံလောက်စွာ ရရှိရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကာ တက်ရောက်လာသည့် နွေစပါးစိုက်တောင်သူများ အတွက် သွင်းအားစုများ ချီးမြှင့်ပေးအပ်ခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည် ဒေသခံတောင်သူများ၊ ညောင်လေးပင်ခရိုင်အတွင်းမှ လေ့လာသူတောင်သူများနှင့်အတူ တစ်နှစ် နွေစပါး(၂)သီး ဧက(၅၀၀) စံပြစိုက်ခင်း၌ ပဲခူးတိုင်းဒေသကြီးမှ ထုတ်လုပ်ခဲ့သည့် လူလိုက်ပါ စီးနင်းနိုင်သည့် တန်ဖိုးသင့်ကောက်စိုက်စက်ဖြင့် ဒုတိယသီးနှံနွေစပါး စိုက်ပျိုးနေမှုအား ကြည့်ရှု အားပေး ခဲ့သည်။

          ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းအမှတ်(၄၂၆)၌ တစ်ကွင်းတစ်ဆက်တည်း ဧက(၃၀၀) နွေစပါးမျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ပန်းတိုင်အထွက်နှုန်း ကျော်လွန်ထွက်ရှိပြီး ပြည်ပဈေးကွက်ရရှိနိုင်သည့် မျိုးကောင်းမျိုးသန့်များ လုံလောက် စွာ ထုတ်လုပ်နိုင်ရေး ဒေသတွင်းမျိုးစေ့ထုတ်စိုက်ခင်းများ တိုးချဲ့ဆောင်ရွက်ရန်၊ မျိုးကွဲများပြားမှုမရှိစေရေး စိစစ်ကြပ်မတ်ဆောင်ရွက်ရန်၊ တောင်သူများကိုယ်တိုင် မျိုးစေ့ထုတ်ပြီး ပြန်လည်စိုက်ပျိုးနိုင်ရေး အသိပညာ ပေးရန် မှာကြားခဲ့သည်။

          ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒိုက်ဦးမြို့နယ်၊ လက်ခုပ်ကွင်းကျေးရွာ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်စွာ မွေးမြူရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသော မွေးမြူရေး လုပ်ငန်းရှင် ဦးမောင်ကြည်နှင့် ဦးဇော်ဝင်းတို့၏ ဒေသကြက်ကောင်ရေ(၁၀၀၀၀) မွေးမြူထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ဒေသတွင်း အသား/ငါး/ဥ ဖူလုံပိုလျှံစေရေး မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်သွားရန်၊ အခြားမွေးမြူရေးလုပ်ငန်းရှင်များအား ဖိတ်ခေါ်ပြသသွားရန်၊ ဇီဝလုံခြုံမှုကို အလေးထား ဆောင်ရွက်ရန်၊ ဒေသနွား၊ ဒေသဆိတ်နှင့် ဒေသဝက်များ မွေးမြူနိုင်ရေး မွေးမြူရေးလုပ်ငန်းရှင်အသစ်များ ဖော်ထုတ်ဆောင်ရွက်သွားရန်၊ တိရစ္ဆာန်အစာအဖြစ် နေဗီယာမြက်အား စီးပွားဖြစ်စိုက်ပျိုးကြရန်နှင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်မွေးမြူရေးခြံများသို့ စဉ်ဆက်မပြတ် ကွင်းဆင်းကြပ်မတ် စစ်ဆေးခြင်းနှင့် လိုအပ်သောမွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အသိပညာပေးခြင်းများ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။