Home / တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများ / ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော်ကြည်ညို

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း မင်းလှမြို့၊ ဝေဠုဝန်ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော်ကြည်ညို

မင်းလှ မေ ၈
========================

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါလျက် မေလ(၈)ရက်နေ့၊ နံနက်ပိုင်းက မင်းလှမြို့၊ ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား သွားရောက်ဖူးမြှော် ကြည်ညိုခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧည့်ပရိတ်သတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြပြီး၊ မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ ဝိနယပါဠိပါရဂူ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိ မဟာထေရ်မြတ်ထံမှ ငါးပါးသီးလခံယူဆောက်တည် ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကြွရောက်လာသည့် ဆရာတော်များ အား လှူဖွယ်ဝတ္တုများ ဆက်ကပ်ခဲ့ကာ၊ ဆရာတော် ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိ ဈာပနပွဲတော်အတွက် အလှူငွေကျပ်သိန်း(၁၀၀)အား ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝေဠုဝန် ပရိယတ္တိစာသင်တိုက် ပဓာနနာယက ရွှေကျင်နိကာယ ရတ္တညူမဟာနာယက၊ နိုင်ငံတော်ဩဝါဒါစရိယ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဘိဓဇမဟာရဋ္ဌဂုရု သက်တော်(၉၈)၊ သိက္ခာတော်(၇၈)ဝါရှိ ဘဒ္ဒန္တကုဏ္ဍလ မဟာထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား ကတီပါခြုံထည် လွှမ်းခြုံကပ်လှူပူဇော်ခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းလှမြို့၊ အထွေထွေရောဂါကု ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားပြောကြား ခဲ့ပြီး ဆေးရုံအတွင်း ရေစီးရေလာကောင်းမွန်စေရေးနှင့် သန့်ရှင်းသပ်ရပ်မှုရှိစေရေး ဆောင်ရွက်ပေးရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီး ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်(၅)သိန်း အား ပေးအပ်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် မွန်းလွဲပိုင်း၌ မိုးညိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံး၊ အစည်းဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌမှ မိုးညိုမြို့နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မြစ်မခမြစ်ကမ်းတစ်လျှောက် ဆိုလာရေတင်စနစ်ဖြင့် နွေစပါးစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များမှ ကွင်းဆင်း ဆောင်ရွက်ရန်၊ ဒေသနှင့်ကိုက်ညီပြီး ပြည်သူ့အတွက် အမှန်တကယ်အကျိုးရှိသည့် ဒေသကြက်/ ဘဲ မွေးမြူ ရေးလုပ်ငန်းများအား အသိပညာပေး ဆောင်ရွက်ကြရန်၊ ဒေသအတွက် လိုအပ်သော မိုးညို-ရင်နှောင်းကုန်း နှင့် မိုးညို-ရေကင်းလမ်း ဆက်သွယ်ထးသည့် ထွန်းညီနောင်သစ်သားတံတား ပြင်ဆင်နိုင်ရေး တွက်ချက် တင်ပြရန် လမ်းညွှန်မှာကြားခဲ့ပြီး မိုးညိုမြို့ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ပြီးစီးမှုအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကာ မြို့နယ်အတွင်း အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး အားကစားပစ္စည်း များ ဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအမံများအား ပြောကြားခဲ့သည်။ ၎င်းနောက် လက်ပံတန်း-မိုးညို-နတ်တလင်းလမ်း ကွန်ကရစ်ခင်းနေမှုအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ဆင်မနိုင်ကျေးရွာ တိုက်နယ် ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဒေသခံပြည်သူ အများစုအားကိုးအားထားပြုနေရသည့် ဆေးရုံတစ်ခုဖြစ်၍ ကျန်းမာ ရေးဝန်ဆောင်မှုလုပ်ငန်းများ ပြည့်စုံကောင်းမွန်းစွာ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။